(29)

879 106 26
                                    

Unicode

၇နာရီအတိဆိုတာနှင့် ကျင့်သားရနေသည့်မျက်လုံးတို့က ဖျတ်ကနဲပွင့်လာသည်။ အသားမကျတော့သည့် ခံစားချက်ကတော့ သူ့လက်မောင်းတွေထဲမှာ အမျိုးသားလေးရှိမနေခြင်းဖြစ်သည်..။ ဘယ်တုန်းက ဒီအချိန်ထတတ်လို့လဲ.။ ကြမ်းပြင်ပေါ်မှာက Hoseokအဝတ်အစားတွေသည် ညကအတိုင်းပုံစံမပျက်.။ သူသာပြန်ဝတ်ခဲ့ပြီး Hoseokကတော့ ဒေါသတွေနဲ့အိပ်ပျော်သွားခြင်းဖြစ်သည်။ မျက်မှောင်တွေကြုံ့သွားကာ လစ်လပ်နေသည့် အိပ်ရာ၏အနှောင့်အယှက်ကြောင့် အလောတကြီးအိမ်ပြင်ကိုပြေးထွက်လိုက်မိသည်။

"Ho...."

Minသည် အိမ်ပေါက်ဝမှာတင် ခြေစုံရပ်မိသွားလျက် ချက်ချင်းဝုန်းဒိုင်းကြဲသွားသည့် ရင်ဘတ်ကိုယောင်ယမ်းကာ ဖိကိုင်မိလိုက်သည်။ မလုံ့တလုံBathrobeအနက်ရောင်အောက်က ထင်းထွက်နေသည့်ခြေတံဖြူဖြူတွေဟာ ခုံလက်ရမ်းပေါ်မှာ မိုက်ချင်တိုင်းမိုက်နေသည်။ ပြီးပြည့်စုံသော ယောက်ျားပီသမှုတို့ဖြင့် လူဆိုးလေးက စောစောစီးစီး ဗလပြ ဇ,ပြလုပ်နေလေသည်။

လက်နှစ်ဖက်မှာက ညကထိုးနေခဲ့သည့် မာဖလာလေးရှိနေလျက် စီးကရက်လေးကိုတော့ နှုတ်ခမ်းမှာ ကိုက်ထားသည်.။
ကျွမ်းကျွမ်းကျင်ကျင်ရှိနေပုံက စီးကရက်ထိပ်ကနေလည်း အငွေ့တွေထွက်တာ မရပ်သလို လက်သွယ်သွယ်လေးနှစ်ဖက်ကလည်း မာဖလာထိုးခြင်းကိစ္စမှာ သိပ်ကိုလှပသည့်လှုပ်ရှားမှုတွေနဲ့ဖြစ်သည်.။

ပြာလွင်နေသည့် ကောင်းကင်ပြာနဲ့
ပြေးလွှားနေသည့် တိမ်စိုင်လှလှတွေ...
ခြံထဲက ပန်းပင်လှလှတွေ...
ရေကန်ကြီး၏ စိမ်းဖန့်ဖန့်အလှတရားတွေ...
သစ်ပင်ကြီးများ၏ သစ်ရွက်ခတ်သံတွေ...
ပြိုင်စမ်း...ဒီယောက်ျားကို...
သက်ရှိတွေသာဆို ပြိုင်ရဲလားလို့
အော်မေးပစ်လိုက်ချင်သည်.။

"Seok..."

အနားရောက်သွားသည့်အခါ Hoseokသည်
ပုံမှန်ပဲ မျက်လုံးလှန်ကြည့်လျက် လက်ထဲက မာဖလာကိုဆက်ထိုးနေသည်.။ နီးကပ်လာမှ တွေ့လိုက်ရသည့်အရာတွေကြောင့် နှလုံးဆိုတာ သူ့အလုပ်သူတောင်မေ့သွားပုံရသည်.။ အသက်ရှူက ခပ်ကြပ်ကြပ်..။

"Hey! Min.."  [Completed]حيث تعيش القصص. اكتشف الآن