(22)

776 117 15
                                    

Unicode

"မင်းမှားတယ် J...။ ဒီတစ်ခါတော့ Yoongi Hyungကို လုပ်လိုက်တာ တော်တော်လွန်တယ်"

"ငါဘာလုပ်နေလို့လဲ..."

"လုပ်လိုက်တာပေါ့ကွ။ ဒီလိုလုပ်ရပ်မျိုးကို သူကမဖြုံရင်ငါလည်းဘာမှမပြောလိုဘူး..အခုက ငိုသွားတာလေ မင်းလည်းမြင်တယ်မလား.။ ယောက်ျားတစ်ယောက်မျက်ရည်ကျဖို့အတွက်..အထူးသဖြင့် Yoongi Hyungလိုလူမျိုးကမျက်ရည်ကျဖို့ဆိုရင် တော်ရုံဝမ်းနည်းရုံလောက်နဲ့တော့ရမှာမဟုတ်ဘူး.။ ငါလည်းအစကတော့ သူ့ကို မင်းကိုထားခဲ့တဲ့လူဆိုပြီး မုန်းတာပဲ.။ အခုကအဲ့လိုမဟုတ်ဘူးကွ... သူမင်းကိုသိပ်ချစ်တာကိုယောက်ျားချင်းမို့ပိုခံစားမိတယ်.. မင်းကပိုတောင်သိသင့်သေးတယ်"

"အလကားမူယာမာယာတွေပါကွာ...မျောမိသွားရင် ငါညံ့ရာကျမှာပေါ့.."

ကစားဝိုင်းမှာတည်းက တောက်လျှောက်ဆူလာသည့် JungKookက ကားပေါ်ရောက်တော့လည်း ကားမမောင်းသေးဘဲ ဆူလို့ကောင်းတုန်း။အတိုက်အခံလုပ်ရခြင်းတွေမှာ ခေါင်းတွေပါကိုက်လာ၍ ထပ်ပြောရန်ကြံနေသည်ကို လက်ကာပြလိုက်ပြီး အိပ်ဖို့ပြင်လိုက်တော့သည်။

ပြောမယ့်သာပြောနေပေမယ့် တစ်ချက်တစ်ချက် အနီရောင်မျက်ဝန်းတွေကိုပြန်မြင်ယောင်မိရင် ရင်ဘတ်ထဲ၌ ဟာခနဲဖြစ်သွားကာ တစ်မျိုးတော့ တစ်မျိုး။ ဘာတစ်မျိုးမှန်းတော့ Hoseokမသိ။ တစ်မျိုးဖြစ်တာကိုပဲသိသည်။

အဲ့အချိန်တည်းက ဝိုင်းထဲမရှိတော့သည့်အာရုံတွေဟာ အခုချိန်ထိစိတ်ကိုနောက်ကျိနေစေသည်။ နိုင်လိုစိတ်နဲ့သာ လှောင်ပြုံးလေးနဲ့ပြောမိပြောရာပြောမိခဲ့သော စကားတွေသည် Yoongiကိုဒီလောက်ကြီးထိ ခံစားသွားရလိမ့်မယ်ဆိုတာ နည်းနည်းလေးမှမတွေးထင်မိခဲ့တာတော့အမှန်.။

ဖျတ်ခနဲကြည့်သွားချိန်က နှစ်စက္ကန့်ဆိုသည့်
အချိန်အစိတ်အပိုင်းလေးပါပဲ။ သို့သော်
ထိုနှစ်စက္ကန့်လေးအတွင်းမှာပဲ Hoseok
ဖမ်းမိလိုက်တာက ကြေကြေကွဲကွဲမျက်လုံး
တွေမှာ ဒေါသလေးတွေပါသည်၊
ညှိုးငယ်မှုတွေပါသည်၊ ရှက်ရွံ့မှုတွေ
ပါသည်။

တစ်ခါမှမမြင်ဖူး၍လားမသိ။
အခုရင်ဘတ်တွေလည်း နာနေတယ်...။

Hoseokဒီခံစားချက်နှင့်မရင်းနှီးတာမို့ ခံရလည်းသိပ်ခက်သည်။ မခံစားနိုင်ပေမယ့် မတတ်နိုင်ပြန်။ အဓိပ္ပါယ်ကိုလည်း မိမိမသိ။

"Hey! Min.."  [Completed]Where stories live. Discover now