(16)

862 120 33
                                    


အချိန်သည်၃လ...။

လူဆိုးလေးဆီမှစာမလာသတင်းမကြား..
Coraကိုမေးတိုင်းလည်း Hoseok ကိုရီးယားမှာမရှိတာကိုပဲသိကြောင်းအမြဲပြောသည်.။ ဥက္ကဌKimကိုမေးတော့လည်း မိသားစုပြဿနာကိုသာခေါင်းစဥ်တပ်၍ ထိုနည်း၎င်း ဘာကိုမှမပြောပြ.။ လွမ်းရက်တွေကြာသလား..တိုသလားသူ့ခေါင်းထဲမှာဘာဆိုဘာမှမရှိဘဲ ထိုင်မရထမရဖြင့် ပြီးခဲ့သည့်လတွေအတွင်း အလုပ်ကိုသာဖိလုပ်ကာဆွေးတမြေ့မြေ့ဖြစ်နေရသည်.။

လွမ်းရသည့်ဒုက္ခတွေသည္ ကမ်းမမြင်လမ်းမမြင်သမုဒ္ဒရာလိုနေရာမျိုးမှာ ရေစုန်​မျောနေရသည့်နှယ်..Minဘဝဟာ လေနေခဲ့သည်.။

ကော်ဖီတွေဟာချိုမနေ..။
လည်ချောင်းထဲပူပူပြင်းပြင်းဝင်သွားသည်ကလွဲ Minကြိုက်သည့်ကော်ဖီတွေဟာ ထူးထူးဆန်းဆန်းMinကိုစိတ်ကျေနပ်မှုမပေးခဲ့တာ တော်တော်ကြာခဲ့ပြီ.။

"Giလေး...ဒီနေ့ကုမ္ပဏီမသွားဘူးလား."

အမြင် မယဥ်သည့် မြင်ကွင်းဟုဆိုရပေမည်။
တစ်ခါမှ အခန်းစီးဖိနပ်မပါလျှင် ဖုန်စတွေကြောင့် လမ်းမလျှောက်တတ်သူဟာ ခုများတော့ ကြမ်းပြင်ပေါ် ကျောခင်းလျက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေသည်။

"စိတ်မပါနေလို့ပါ..."

သက်ပြင်းချသံနှင့်အတူ တိုးတိုးပြောလာသည်ကို Seokjinစိတ်မချမ်းမသာဖြစ်ရသည်။

"ပြန်တောင်းပန်ပြီးပဲဖြစ်ဖြစ် အဆင်ပြေအောင်လုပ်လိုက်ပါလားကွာ...မင်းကိုကြည့်ရတာတကယ်စိတ်မချမ်းသာဘူး..."

သက်ပြင်းချသံအကျယ်ကြီးဖြင့် Yoongiက ပက်လက်လှန်နေရာက တစ်ဖက်ကို လှည့်သွားသည်.။

"လွန်ပြီးခဲ့ပါပြီ...Seokက သူ့အသားကိုတောင်အထိမခံတော့တဲ့အထိ ကျွန်တော့်ကိုမုန်းနေပြီ..."

"Hyungကိုယ်တိုင် သွားရှင်းပြပေးရမလား။ လိုအပ်လား..."

"ဟင့်အင်း...အခုသူဘယ်မှာမှန်းတောင်ကျွန်တော်မသိဘူး..."

အဲ့ဒါမင်းအပြစ်တွေလေဟု Seokjinအော်ပစ်လိုက်ချင်စိတ်ကို မျိုချထားလိုက်သည်.။ ဒီစကားက စဖြစ်ကတည်းကသူတောက်လျှောက်ပြောလာခဲ့တာမို့ စိတ်ရှုပ်နေသည့်လူကို အကူအညီမဖြစ်စေဘဲ ပိုသာဆိုးစေမှာမို့ မပြောချင်တော့.။ အတ္တတွေကို ရှေ့တန်းတင်တာလည်း တော်ရုံပဲကောင်းသည်...လူ့ဘဝသက်တမ်း တိုတိုလေးမှာ လူဖြစ်ရကျိုးနပ်စေမည့် ချစ်ခြင်းမေတ္တာ ပျော်ရွှင်မှုတွေလောက်များ ထိုအတ္တက ပိုအရေးပါနေရင် အသက်ရှင်ရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ.။

"Hey! Min.."  [Completed]Where stories live. Discover now