(24)

796 105 24
                                    

Unicode

"Seok! နာတယ် အရမ်းမထိနဲ့"

Yoongiသည် အိပ်ရာပေါ်မှောက်လျက်လှဲကာ အော်နေသည်။ Hoseokက ကျောဒဏ်ရာကို ဆေးမလိမ်းခင် သန့်ရှင်းပေးသည့်အဆင့်မှာတင် အရှုပ်ထုပ်ကြီးက အော်နေတာကြောင့် ဘာလုပ်ရမှန်းမသိတော့။

"အဲ့- အဲ့ဒါဆိုဘယ်လိုလုပ်ရမှာလဲ...ငါမလုပ်တတ်တော့ဘူး ဆရာဝန်ပဲခေါ်ပေးတော့မယ်.."

"ဘာဖြစ်လို့လဲ လည်ပင်းဒဏ်ရာရတုန်းကတောင် မင်းပဲအစအဆုံးကုပေးခဲ့ပြီးတော့.။ မလုပ်တတ်တော့ရင်လည်း ဘာမှမဖြစ်ဘူး ကိုယ့်ကို အင်္ကျီတော့ကူဝတ်ပေး.."

ကုန်းရုန်းထရန်ကြံနေသည်ကိုတွေ့တော့
ထိရမလို မထိရမလိုလက်က Yoongiကို ပုခုံးကနေ ပြန်ဖိချလိုက်သည်.။

"နေစမ်းပါ...လုပ်တာကလုပ်တတ်တယ်.
မင်းကအရမ်းအော်နေတာကို.."

"အင်း မအော်တော့ဘူး ဖြည်းဖြည်းလေးတော့ ကိုင်..အထိမခံနိုင်အောင်နာလွန်းလို့.."

Hoseokက ခေါင်းညိမ့်ကာ ဒဏ်ရာသန့်စင်ဆေးနှင့် ဒဏ်ရာတွေပေါ်ကို အသာလေးဖိတို့ပေးသည်။

မှုန်ကုတ်ကုတ်နှင့် ဂွမ်း စလေးကိုယူကာ ဆေးရည်ထည့်နေသော Hoseokလက်များသည် တုန်နေသည်မို့ Yoongiနာနေသည့်ကြားမှ သေချာစိုက်ကြည့်မိသွားသည်.။ မျက်နှာကလည်း စတော်ဘယ်ရီသီးလေးလို ရဲနေတော့ မမေးရမနေနိုင်တော့.။

"ဘာဖြစ်တာလဲ လက်တွေတုန်နေတယ်.."

"ဘာမှမဖြစ်ဘူး.."

"ပြောစမ်းပါ ဆေးတွေလည်းအောက်မှာချည်းပဲ ဘာဖြစ်နေတာလဲ..."

Hoseokက စိတ်မရှည်တော့၍ ဆတ်ခနဲခေါင်းထောင်ကြည့်သည်။

"မူးနေတာကွာ!! အမူးမပြေသေးလို့.။
ဘာလို့အဲ့လောက်စကားများနေတာလဲ.."

Yoongiမျက်လုံးတွေပြူးကုန်သည်။
မူးသာနေတာ..လူဆိုးလေးက မထင်ရ။

" အဆင်...အဆင်ရောပြေလား.."

"ငါ့ဟာငါဆိုပြေတယ်.။ မင်းသာတိတ်တိတ်နေ နားတွေညီးလို့"

လက်ထဲက ဆေးဘူးမှာပဲ အာရုံရှိလျက်
သုန်မှုံ၍ပြောနေပုံအားကြည့်ကာ
Minသည္အသည်းယားလွန်း၍ စွေ့ခနဲ ကောက်ချီပစ်လိုက်ချင်သည်.။

"Hey! Min.."  [Completed]Donde viven las historias. Descúbrelo ahora