(12)

897 144 22
                                    


ဆေးလိပ်တိုပေါင်းများစွာသည် ပြာခွက်ထဲတွင်ပြည့်လျှံနေကာ လက်ကြားထဲမှာလည်းသောက်လက်စတစ်လိပ်ဖြင့် Seokjinသည် ဆိုဖာပေါ်တွင်လဲှလျောင်းလျက် စာအုပ်တစ်အုပ်ကို အာရုံစိုက်ဖတ်နေသည်.။

"Hyung တော်လောက်ပြီ..ကျွန်တော်မွှန်တယ်.."

ကော်ဖီခွက်လေးကိုင်ကာ Yoongiကအလုပ်စားပွဲတွင်ဝင်ထိုင်လာသဖြင့် ခုနလေးကမှမီးညှိထားသည့်သောက်လက်စလေးကို ပြာခွက်ထဲထိုးချေကာမီးသတ်လိုက်သည်.။

"အဲ့တော့ မင်းက ကောင်လေးအချိုးတွေအတိုင်း Hoseokလေးအပေါ်ချိုးခဲ့တယ်ဆိုပါတော့.."

Yoongiဒိုင်ယာရီစာအုပ်လေးကို စားပွဲပေါ်ပစ်တင်ရင်း Seokjinကအမေးရှိလာသည်။
စာကြည့်မျက်မှန်လေးကိုကောက်တပ်ကာ Yoongiကတိတ်ဆိတ်ခြင်းဖြင့်ဝန်ခံနေသည်။

"ကျစ်** ငါရိုက်ချင်လိုက်တာ..။ Hyungမင်းကိုဒီလိုမျိုးဖြစ်အောင် မပျိုးထောင်ပေးခဲ့မိပါဘူး။ ဘာဖြစ်လို့များ အတ္တတွေသိပ်ကြီးနေရတာလဲ.."

"ပြီးသွားပါပြီ..အဲ့ဒါတွေက.."

"ပြီးသွားတိုင်း ခံရတဲ့လူကမနာကျင်ရတော့ဘူးလို့ထင်နေတာလားမင်းက.."

Keyboardပေါ်ပြေးလွှားနေသည့်လက်တွေရပ်တန့်သွားသည်.။ စာကြည့်မျက်မှန်အောက်ကနေ မျက်လုံးငြိမ်ငြိမ်များဖြင့်Yoongiက သူ့ကိုလှမ်းကြည့်လာရင်း

"ကျွန်တော်လည်း ပျော်နေတာမှမဟုတ်တာ.။ အဓိက က ဟိုမကောင်းဆိုးဝါးကောင်ရဲ့ကမ္ဘာပြိုသွားဖို့ပဲမို့္လို့ ဘာကိုမှမစဥ်းစားနိုင်ဘူး။ ပြီးတော့ ကျွန်တော်လုပ်ခဲ့တာ ငိုပြန်သွားခဲ့ရုံပဲရှိတာပါ..Hyungကို သူလုပ်ခဲ့သလိုမျိုး တစ်စက်ကလေးတောင်မထိခဲ့ပါဘူး.။"

"လူနှစ်ယောက်လက်တွဲဖို့က ဘာတွေလိုနေလို့လဲ ငါ့ကိုပြော။ အချစ်တွေ အပြန်အလှန်နားလည်မှုတွေပဲမဟုတ်ဘူးလား။ မင်းသူ့ကိုဘယ်လောက်ချစ်မှန်း စာလုံးလေးတွေဖတ်ရုံနဲ့တင် ငါအပြည့်အဝခံစားလို့ရနေတာကို. Hoseokထက်အရေးကြီးတာ ဘာရှိသေးလို့လဲ.."

"......."

"မင်းချစ်တာလည်း အတ္တကြီးနဲ့ပါကွာ..။ စာနာစိတ်မရှိတာ။ မင်းမျက်စိရှေ့မှာတင်
Hyungဘယ်လောက်တောင်ပြိုလဲခဲ့ရလဲ.
ဒါကလည်း Hyungအပြစ်ကပါနေသေးတော့ ထားတော့။ Hoseokကရော..
Hoseokကဒီပြဿနာတွေနဲ့ ဘာဆိုဘာမှကိုမသက်ဆိုင်တဲ့ကလေး.။ ဒီလိုတွေလုပ်လိုက်လို့ရောဘာတွေရလိုက်လို့လဲ..မင်းပျော်ရလား..ငါရောပျော်ရလား..ဘယ်သူပျော်လိုက်ရလို့လဲ..။"

"Hey! Min.."  [Completed]Where stories live. Discover now