(25) Part-2

829 129 39
                                    


"အခုက ဘယ်သွားကြမှာလဲ Jin Hyung.."

အိပ်မယ်ဆိုပြီး နောက်ခန်းထဲပြောင်းထိုင်လိုက်သည့်Hoseokသည် ကားလမ်းဖြူးဖြူးဘေးက လယ်ကွင်းစိမ်းစိမ်းတွေကိုကြည့်ကာ ဘေးကSeokjinကို ပေါက်ပေါက်ဖောက်နေသည်.။ နေဝင်ဆည်းဆာက လှလွန်း၍ အိပ်မရတာလည်းပါမှာပေါ့။

"Hyungတို့ ဒယ်ဒီရဲ့ဇာတိရွာလေးလေ.။
ပင်လယ်တို့ စျေးကြီးပေးနေရတဲ့အပန်းဖြေစခန်းတို့ကျတော့ ရိုးအီပြီးပျင်းစရာကြီးမလား အဲ့ဒါကြောင့် မင်းလည်းစိတ်ပျော်အောင် သဘာဝအလှတွေရှိတဲ့နေရာလေးကိုပဲရွေးလိုက်တာ..."

"အော်..။ ကျွန်တော် ပျော်မပျော် ဘယ်လိုသိလဲ.."

"ဟင် ဘာလို့လဲ.."

အထူးအဆန်းအမေးစကားတွင် Seokjinလည်း ကြောင်သွားသလို
Yoongiကလည်း ကားမောင်းနေရင်းBackမှန်ကနေလှမ်းကြည့်လာသည်.။

"ကျွန်တော်ကြားဖူးတာ တောသူတောင်သားတွေဆိုတာ သိပ်ဖော်ရွေကြတယ်တဲ့။ ကျွန်တော်က ကျွန်တော့်အပေါ်ကို အလေးပေးပြီး ပျူငှါလွန်းရင် သိပ်မနေတတ်လို့.။ ဒီအသိုင်းအဝိုင်းထဲဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် သောက်ဂရုမစိုက်ကြတော့ နားအေးတယ်လေ။"

ခုံပေါ်တွင်ခပ်လျော့လျော့မှီထိုင်ကာ
သပ်သပ်စတိုင်မိအောင်ဝတ်ထားသည့်
ရှပ်အင်္ကျီပန်းရောင်ဆိုဒ်ပွပွကြီးဖြင့်
Hoseokကိုယ်လုံးသွယ်သွယ်လေးသည်
ဖရိုဖရဲမနိုင်ဘဲ ပနံသင့်နေသည်။ ခပ်စိုက်စိုက်ဆောင်းထားသည့်ဦးထုပ်အဖြူလေးကတော့ Jin Hyungကို စျေးမှာဝင်ခေါ်တုန်းက ဝယ်လာခဲ့တာလေး.။ တံဆိပ်တန်းလန်းဖြင့်ဖြစ်ကာ ဖြုတ်ဖို့ပြောတော့လည်း Latest Fashionဟုဆိုကာ ခေါင်းမာနေတော့ စိတ်ချမ်းသာသလိုသာလွှတ်ထားလိုက်ရသည်.။

"မင်းအတွေးက အဆန်းပါလား.။ ကဲ ကြည့်မယ်လေ စိတ်ညစ်ရမလားပျော်ရမလားဆိုတာ။ သေချာတာတစ်ခုကတော့ အဲ့နေရာက မြို့ပေါ်မှာပြည့်နှက်နေတဲ့ဟန်ဆောင်မှုတွေ မာယာတွေ လောဘတွေ လုံးဝကင်းစင်တယ်ဆိုတာ သေချာပြောရဲတယ်...။ Hyungကိုယုံမင်းသေချာပေါက်ပျော်ရမှာ..."

"အဟွန်း ရွာလေးတစ်ရွာက အဲ့လောက်တောင်ပဲ ကြီးကျယ်တာလား"

"ဟုတ်တာပေါ့...ရောက်ရင် လက်တွေ့သိရပါလိမ့်မယ်.."

"Hey! Min.."  [Completed]Место, где живут истории. Откройте их для себя