🌱(33) 🌱

764 103 30
                                    

Unicode

တစ်နှစ်ခန့်ကြာသောအခါ...။

"ဒါဘာတွေလဲ...ငါမှမစားတတ်တာ..."

နံနက်ခင်း၏တေးသံသာလို ထမင်းခန်းထဲ
Jung Hoseokတစ်ယောက် ကမ္ဘာပျက်နေပြီဖြစ်သည်။

"အဲ့ဒါ အန်တီ့အတွက်ပါ အကိုလေး...
အကိုလေးက ဒီနေ့ကျမှအစောကြီးထလာတော့ ကျွန်မတို့မပြင်ရသေးလို့ပါ..."

တန်းစီရပ်နေသည့်အိမ်အကူတွေထဲမှ
ပြောရဲဆိုရဲရှိသူက အဖြေရှိလာသည်အား
Hoseokက အနက်ရောင်ကိုင်းမျက်မှန်အောက်မှ မျက်လုံးတွေကိုစူးဝန်းကာ နားစိုက်ထောင်နေသည်။

ခက်ရင်းပစ်ချသံသည် ချွင်ခနဲ...။

"အခု ဘာလုပ်ပေးမှာလဲ..."

"အကိုလေးစောင့်နိုင်သေးရင် ကျွန်မတို့အခု-"

Hoseokက ဆတ်ခနဲကောက်ထသွားသည်။
စိတ်မြန်လက်မြန်ရှိသူမို့ အကုန်တောင့်တောင့်လေးရပ်နေမိကာ ပန်းကန်တွေကိုလည်းပြန်မသိမ်းရဲ.။ မထင်မှတ်ဘဲပြန်ကွေ့လာ၍ စားပွဲတစ်ခုလုံးရှင်းလင်းနေတဲ့အခါ အားလုံး ထိုင်ခုံစာမိကုန်လိမ့်မည်။

"လုပ်လေ!! ဘာရပ်ကြည့်နေကြတာလဲ!!"

အခန်းဝမှပြန်လှည့်အော်သံကြောင့်
အကုန်တုန်တက်သွားပြီးမှ မီးဖိုခန်းထဲအလျှိုလျှိုဝင်ပြေးရတော့သည်။

Hoseokသည် ဧည့်ခန်းထဲသွားကာ
ခြေတံရှည်တွေကို စမတ်တကျချိတ်ထိုင်လျက် ပေါင်ပေါ် Laptopတစ်လုံးတင်ပြီးအလုပ်လုပ်နေလိုက်သည်။ ခေါင်းလိမ်းဆီကောင်းကောင်းလိမ်းထားသည့် ဆံပင်နက်နက်တွေသည် နားအရှေ့မှာဒေါက်ခပ်ရေးရေးနှင့် သပ်သပ်ရပ်ရပ်ဖြီးသိမ်းထားကာ ဆံပင်တစ်စနှစ်စသည် နဖူးစောင်းပေါ် အစွယ်ချောင်းလေးများသဖွယ်ပြိုဆင်းနေသေးသည်။

ဤသပ်ရပ်ခန့်ညားသော Typeသည်
နေပြန်ကောင်းပြီးကတည်းက ၇လလောက်
တည်မြဲနေသည်မှာ ယခုအချိန်ထိ.။ ကုတ်အင်္ကျီအနက်ရောင်အား
နေဗီပြာရှပ်ဖြင့်တွဲဝတ်ထားကာ စတိုင်ပန်အနက်သည် ခြေတံရှည်ရှည်တွေပေါ်မှာ ချပ်ချပ်ကပ်ကပ်လေးဖြစ်နေသည်။ အခန်းစီး စလစ်ပါဖိနပ်ကွင်းထိုးလေးစီးထားပြီး အလုပ်ကိုအာရုံစိုက်နေသည့်မျက်နှာကြောသည် အတည်လိုင်းတွေပြည့်နှက်နေကာ မျက်လုံးနက်နက်များသည် ကြည့်လိုက်ရုံနဲ့တင် အေးစက်လွန်းနေတာမို့ လူတိုင်းကရှိန်ကြရသည်.။

"Hey! Min.."  [Completed]Tempat cerita menjadi hidup. Temukan sekarang