(4)

1K 157 10
                                    


ကားလေးကို အရှိန်ပိုတင်ကာ ဒယ်ဒီသူ့အတွက်ဝယ်ပေးထားသည့်ကွန်ဒိုသို့သွားရာလမ်းအား မျက်​ခြေပြတ်အောင် ကွေ့ပတ်မောင်းခဲ့သည့်နောက်မှ နှစ်ဦးသား သက်ပြင်းချနိုင်ခဲ့တော့သည်။

"မင်းမကြောက်ဘူးလား.."

ခုနတည်းက အကြောက်အလန့်မရှိ
လိုက်ပါလာပြီး ခုလည်း အခန်းPasswordနှိပ်တဲ့အထိ လေတချွန်ချွန် လုပ်နေသည့် Hoseokအား Yoongi ထူးဆန်းစွာမေးမိသည်။

"​ဘာကို​လဲ."

"အခုလိုအခြေအနေကိုလေ။"

"ဟက်! ဒါလေးကိုများကြောက်နေရင် Jung Hoseokမလုပ်တော့ဘူး။"

Yoongiမျက်မှောင်ကြုံ့သွားသည်။ အရိုင်းအစိုင်းဆိုသည့်အတိုင်း ပါးစပ်ရမ်းကားမှုပညာရပ်မှာတော့ Jung Hoseokဟာ ပြိုင်ဘက်ကင်း ပထမတန်းက ဖြစ်သည်။ ဒါဟာ ရိုးနေသော်ငြားလည်း ပြောစရာမရှိဘဲ နင်နေရသည့်ခံစားချက်ကတော့ အကြိမ်တိုင်းမှာသိပ်ခံရခက်လွန်းသည်။

"Wow!.."

အခန်းတံခါးတွန်းဖွင့်လိုက်သည့်တစ်ခဏ အနက်ရောင်Oceanထဲသို့ ပြေးဝင်သွားလေသည့် ဧည့်သည်စစ်စစ်ရယ်ပါ။ အနက်ရောင်နံရံပေါ်တွင် နံရံကပ်မီးအဝါလေးများဖြင့် အခန်းလေးသည် Hoseok စိတ်အလုံးစုံအား ဖမ်းစားနိုင်ခဲ့သည်။ ဘာအနံ့မှန်းမသိသည့်အနံ့မွှေးမွှေးလေးသည်လည်း ဝင်ဝင်ချင်းမှာပင် စိတ်ကိုကြည်လင်သွားစေခဲ့သည်။

"ဟေ့.. ချွေးတွေနဲ့ငါ့အိပ်ယာပေါ်လက်လွတ်စပယ် ပစ်မလှဲနဲ့လေ..."

သူလှမ်းအော်လေတော့ အိပ်ရာပေါ်က ခြေပစ်လက်ပစ်အဆိုးအဆာသည် ဂရုမစိုက်စွာ မှုန်ကုတ်ကုတ် ကြည့်လာရင်း...

"အိပ်တော့ဘာဖြစ်လဲ။"

ပြောပြောဆိုဆိုဖြင့် မွေ့ယာအကျယ်ကြီးထဲတွင် Yoongiအားရွဲ့ကာ ဟိုဘက်ဒီဘက်လှိမ့်ပြနေလေသူ..။ သွားဆွဲချလို့လည်းမဖြစ်နိုင်. အားချင်းအတူတူမို့ သူပါရောပြီးချွေးထွက်သွားနိုင်သည်။ Yoongiသည် မတတ်နိုင်သည့်အဆုံး စိတ်လျှော့လိုက်ကာရေချိုးဖို့ရန်သာ အာရုံပြောင်းလိုက်သည်။

"နေလို့ကောင်းလိုက်တာ.."

တဘက်တစ်ထည်ဆွဲကာ ရေချိုးခန်းထဲမဝင်ခင် ကုတင်ပေါ်က အကြောတင်းကို လှမ်းကြည့်ရသေးသည်။ သကောင့်သားသည် သူ့အိပ်ရာပေါ်၌ ခြေပစ်လက်ပစ်လှဲလျောင်းနေကာ ဖုန်းပင်ထုတ်သုံးနေသေးသည်။

"Hey! Min.."  [Completed]Where stories live. Discover now