"Hello...Hyung.."တစ်နှစ်နေလို့ video callနှစ်ခါပြည့်အောင်မပြောရတာကြောင့် ဒီတစ်ခါစိတ်ကူးပေါက်၍ video callခေါ်လာခြင်းအား Yoongiပျော်နေမိသည်။
"အင်း...Yoongi..အဆင်ပြေနေရဲ့လား."
"Hyung အရမ်းပိန်သွားတယ်...နေမကောင်းဘူးလား"
ဦးထုပ်ခပ်ဆိုက်ဆိုက်ဆောင်းထားသည့်္အောက်ကမျက်နှာလေး ချောင်ကျသွားပုံသည် ပါးရိုးတွေပင်ပေါ်ထွက်နေကာ မျက်လုံးများလည်းအရောင်မှိုင်းနေသော Seokjinပုံစံသည် ယဲ့ယဲ့လေးဖြစ်နေသဖြင့် Yoongiမျက်မှောင်ကျုံ့မေးမိသည်။
"အင်း တော်တော်ဆိုးနေလို့ Hyungအိမ်ပြန်လာရင်ကောင်းမလားလို့တွေးနေတာ.."
အပြုံးတွေသည်ခပ်မှိုင်းမှိုင်း။ ဦးထုပ်အောက်က လည်ဂုတ်နေရာတွင်အညိုရောင်ဆံပင်စများက ခပ်ရှည်ရှည်.။အဖြူရောင်လည်ပိတ်ဆွယ်တာပွပွအားဝတ်ထားခြင်းသည် လည်ပင်းကတက်တူးလေးကိုမမြင်စေချင်လို့မှန်း Yoongiသိနေသည်.။
" Hyung ဆေးတွေ ပြန်စွဲနေတာလား..."
ခပ်ဖွဖွပြုံးနေပုံအားကြည့်ကာ ရင်တွေကျိုးရသည်။ လူတွေကမျှော်လင့်ချက်တွေဆုံးရှုံးရပြီးရင် သူတို့ကိုယ်တိုင်လည်း ပျောက်ဆုံးသွားတယ်ဆိုတာ တကယ်ဟုတ်လားမဟုတ်လား Yoongiမသိ.။ အရင်က ပန်းကလေးလိုအထိအခိုက်မခံဘဲ အိမ်တော်ကြီးတွင် ကြွကြွရွရွနေခဲ့သည့် Jin Hyungသည် အခုများတော့မိသားစုနဲ့တောင်ခွဲပြီး နိုင်ငံခြားကိုထွက်သွားကာ ဖြစ်ချင်တိုင်းဖြစ်ပျက်နေရသည်အထိ အဲ့ဒီ့ကောင်ကိုအဲ့ဒီ့လောက်တောင်ပဲ စွဲလမ်းခဲ့တာကိုတွေးမိတိုင်းအသည်းနာသည်။
ဒယ်ဒီကလည်းအိမ်မကပ်. တစ်ဦးတည်းသောအစ်ကိုကလည်းထားခဲ့ဖြင့် Yoongiဘဝသည် အိမ်ကြီးထဲတွင်တစ်ယောက်တည်းတိတ်တိတ်လေးအထီးကျန်နေခဲ့ရကာ ယခုဆို ငါးနှစ်တင်းတင်းပြည့်ခဲ့ပြီ။
"ကျွန်တော်ခံနိုင်ရည်တွေ မရှိတော့ဘူး Hyung.။ Hyungနဲ့ ဒယ်ဒီ ဘယ်တော့များမှ လိမ္မာကြတော့မှာလဲ။ ကျွန်တော်ရှိနေသေးတယ်ဆိုတာကိုရော သတိရကြသေးရဲ့လား။ နေ့တိုင်း အလုပ်တွေပင်ပန်းပြီးအိမ်ပြန်လာရင် ကြိုမယ့်လူမရှိတဲ့အိမ်ကြီးထဲမှာ ကျွန်တော်ဘယ်လောက်ထိ အသက်ရှူကြပ်ရတယ်ထင်လဲ။"
YOU ARE READING
"Hey! Min.." [Completed]
Romanceလူတွေက တစ်ယောက်တစ်မျိုးစီ ရူးနေကြတယ်ဆိုရင်... ကိုယ်ကတော့ မင်းကိုရူးမယ်....။ >>Uni+Zawgi<<