(31)

670 97 26
                                    

Unicode

" J ငါညတုန်းက Yoongi Hyungကိုဒီမှာတွေ့လိုက်တယ်...သိပ်တော့မသေချာဘူး
ခပ်ဝါးဝါးပဲ..ငါမူးလည်းမူးနေလို့..."

"ဟုတ်တယ် သူ့သူငယ်ချင်းနဲ့တွေ့တယ်လို့​
ပြောတာပဲ..ဘာတွေပြောနေလို့နောက်ကျမှပြန်လာလဲတော့ ငါလည်းမသိဘူး..."

"အင်း ငါတို့တောင်ဘာမှမပြောဘဲ တစ်ခါတလေ မိုးလင်းသေးတာပဲမလား။
မင်းယောက်ျားက အသက်သာကြီးတာ
တော်တော်နုတယ်နော်..."

"ဘာဆိုင်လဲ အဲ့ဒါနဲ့.."

"ဆိုင်တာပေါ့ကွ နုလည်းနုတယ် လူငယ်လည်းဆန်တယ် အဲ့တော့ပြောစရာတွေက ရှိနေမှာပေါ့ ဥပမာ ဟိုလိုမျိုး...."

အရက်ခွက်ကိုလှုပ်နေသည့်လက်တွေရပ်သွားကာ Hoseokက မျက်ထောင်နီနှင့်လှမ်းကြည့်သည့်အတွက် JungKook ယုန်သွားလေးတွေပေါ်အောင်ရယ်ပြလိုက်သည်.။

"ငါ့လူက အဲ့လိုမျိုးမဟုတ်ဘူး ဟေ့ကောင်"

"ပြီးတော့ ပြောမယ့်သာပြောတာ အဲ့ကိစ္စအတွက်ငါအခုထိဝမ်းသာလို့မဆုံးသေးဘူးသိလား။ မင်းအခြေအနေတော်တော်တိုးတက်လာပြီ။ ပြီးတော့ နတ်ရေးတဲ့ဖူးစာလို့လည်းပြောရမယ် တော်တော်ဆန်းကြယ်နေတာကြီး..."

"ဟုတ်မှာပေါ့...."

ကျေနပ်ပြုံးကြီးဖြင့် Hoseokက ခါးတွေဘာတွေဆန့်ကာ ခေါင်းကိုမော်ထားလိုက်သည်.။ Jungkook တကယ်စိတ်ရင်းနဲ့ဝမ်းသာမိတာပါ..။အစတည်းက ဒီ​ေရာဂါအတွက်ဆေးက Min Yoongiမှန်းသာစောသိခဲ့ရင်ကိစ္စကမြန်မြန်ပြတ်မှာသေချာသည်.။

ထိုစဥ် စားပွဲပေါ်တင်ထားသည့် Hoseokဖုန်းထဲ Messageဝင်လာသည်။

#Seok...လာတော့ ကိုယ်အလုပ်ပြီးပြီ#

"ကဲ ငါသွားရတော့မယ် မင်းလည်း Jiminဆီသွားတော့"

"ဟမ်? ဘာ... ဘာလို့သူ့ဆီသွားရမှာလဲ."

"လုပ်မနေနဲ့ Jiminပြောလို့ငါအကုန်သိပြီးသွားပြီ... ဘာဖြစ်လဲ ငါကဝမ်းတောင်သာနေသေးတာ ဒီတစ်ယောက်ကလည်းဖုံး ဟိုတစ်ယောက်ကလည်း မင်းနမ်းတာကိုငြိမ်ခံလိုက်မိလို့ ငါ့ကိုသစ္စာဖောက်သလိုဖြစ်သွားပြီဆိုပြီးငိုနဲ့ ဘယ်လိုဟာတွေမှန်းမသိဘူး။ ဘာမှထိန်းချုပ်မနေနဲ့ ပွင့်ပွင့်လင်းလင်းသာချစ်ပစ် ငါအကုန်ပြောထားပြီးပြီ..."

"Hey! Min.."  [Completed]Where stories live. Discover now