🌻 Extra-2 🌻

981 113 77
                                    

Unicode

"ကိုကို! ဒါမျိုးတွေတော်ပါတော့....
ကျွန်တော်မကြိုက်ဘူး။"

အဆွဲခံထားရသည့်လက်အား
ရုန်းချလိုက်သည့်အခါ အစတည်းက
တရိပ်ရိပ်သောမျက်လုံးများသည် သိသိသာသာ လှမ်းကြည့်လာကြတော့ အဖြူရောင်လေး၏ မျက်နှာ မဲ့ချင်လာသည်။
Min Jသည် ငိုချတော့မလိုဖြစ်သွားသည့် အဖြူရောင်လေး၏ အမူအရာကြောင့် ပတ်ဝန်းကျင်ကိုလည်းမေ့လျက်
ကြောင်ငေးမိသွားသည်။

"ဘာဖြစ်တာလဲ ကိုကိုက စတာလေ...."

အဖြူရောင်လေးသည် စိတ်ညည်းညူသလိုမော့ကြည့်လျက် ကျနေသည့်သူ့စာအုပ်များအား ပြန်ကောက်နေသည်။ Jသည် အခြေအနေအား အခုချိန်ထိနားမလည်နိုင်သေး.။ Kimသည် သူ့အား ဤသို့ ဘယ်တုန်းကမှ မဆက်ဆံဖူးပါ။

ဖြူလွှလွှပါးအိလေးတွေကိုဆွဲတာမျိုး၊
ပျော့စင်းနေသည့် ဆံပင်နက်လေးတွေကို
ဆွဲဖွတာမျိုး၊ စနောက်ရင်း အသည်းယားလာရင် ဆွဲဖက်နမ်းရှုံ့ပစ်မိတာမျိုးက Kimငယ်ငယ်တည်းက ပညာတော်သင်မထွက်ခင်အထိ သူပြုမူလာခဲ့သမျှဖြစ်သည်..။ တစ်ခါမှလည်း ယခုကဲ့သို့ မနှစ်မြို့တာမျိုးမရှိခဲ့ဖူးသလို ခါးခါးသီးသီးရုန်းဖယ်တာမျိုးလည်း မလုပ်ခဲ့ဖူးပါ..။

အခု Kimပုံစံက ရန်သူကြီးလိုပစ်ပစ်ခါခါမို့ စာကြည့်တိုက်လို လူများသည့်နေရာမျိုးတွင် ခမ်းခမ်းနားနားTattooရင့်ရင့်ကြီးတွေ
ရှက်သွေးလွှမ်းသွားရသည်။

"ကိုကို Kimကို ဘာလုပ်ထားဖူးလဲ...."

မော့ကြည့်လာသည့် ခပ်ရှုပ်ရှုပ်မျက်ဝန်းတွေ..။ Jသေချာလေးစိုက်ကြည့်လိုက်ကာ ဖွင့်ဟလာမည့် အသံအေးအေးလေးကိုစောင့်မျှော်နေလိုက်သည်။

"များလွန်းလို့ ကျွန်တော် ပြောလို့တောင်မထွက်ဘူး..."

သူ့အား မျက်စောင်းနုလေးထိုးလိုက်သလားမသိ..။ Jသည် ချက်ချင်းပြန်မမေးနိုင်သေးဘဲ သူ့ဘာသာစဥ်းစားခန်းဝင်သွားသည်။

"ကိုကိုပြန်တော့။ မနက်စာ အိမ်မှာစားလာခဲ့တယ်။ မဆာသေးဘူး..."

စာအုပ်များအား နို့နှစ်ရောင်လက်ဖျံလေးတွေထဲ ပိုက်ပွေ့ကာပြောလာပုံအား J ငေးလို့မပြီးသေးပါ..။ ဘေးစားပွဲပေါ်ကကျောပိုးအိတ်အဝါလေးအား ကောက်လွယ်လိုက်သော Kimသည် Jဆီကနေ လွှဲထားသည့် လှုပ်လှုပ်ရှားရှားမျက်ဝန်းတွေမှလွဲ မျက်နှာတစ်ပြင်လုံး ဘာခံစားမှုမှရှိမနေ..။

"Hey! Min.."  [Completed]Donde viven las historias. Descúbrelo ahora