"Minကလည်း....."ငိုချတော့မလိုမျက်နှာငယ်ဖြင့်
အဆိုးအဆာဟာ ကြမ်းပြင်ပေါ်ဒူးထောက်ချပြီး မာယာတွေကိုကွန့်မြူးနေသည်။"Minကလည်းမလုပ်နဲ့..ကိုယ့်အခြေအနေကိုယ် မသိတာလည်းမဟုတ်ဘူး ဘာလို့ ဟိုဗရုတ်သုတ်ခနဲ့ မိုးရေလိုက်ချိုးရတာလဲ...မင်းဖျားတော့ ငါပဲ ပြုစုပေးရတာ ငါ့စကားကိုလည်း နည်းနည်းပါးပါးနားထောင်ပါဦး.."
"Minရာ မဆူနဲ့ကွာ..."
အယောင်ဆောင်ကြောက်ပြသူဟာ
မျက်လုံးလဲ့လဲ့တွေနဲ့လှန်ကြည့်ရင်း
အသံနိမ့်နိမ့်နဲ့ ဇာတိလေးကပြလာပြီ..။"ဆူအောင်နေရင် ဆူမယ်.။ Jက ကလေးမဟုတ်တော့ဘူး ဘွဲ့တောင်ယူတော့မှာ..အဲ့ဒါကြောင့် အရာရာ အလိုလိုက်နေစရာမလိုဘူးလို့ ကိုယ်ကပြောချင်တာ.။ ကိုယ့်ကိုကိုယ် ချူချာတာကို မသိတာလည်းမဟုတ်ဘူး။ သိသိလျက်နဲ့ဆိုးနေလို့ကို မကျေနပ်တာကွာ.."
"ငါလည်း ဖျားချင်ပါ့မလားကွ
မင်း သားက ပူဆာလို့လေ...ပြီးတော့ ငါလိုက်သေးတာလည်းမဟုတ်ဘူး.။ အဲ့ကောင်ငါ့ကိုမိုးရေထဲချီခေါ်သွားတာ..."ညအိပ်ဝတ်စုံဝမ်းဆက်ပွပွဖြင့်
အိပ်ရာထခါစ Hoseokသည်
Min-J လက်တည့်စမ်းပေးထားသည့်
အဝါရောင်ဆံပင်ခပ်ရှုပ်ရှုပ်နှင့်ဖြစ်ကာ သူ့မူပိုင် မှုန်ကုတ်ကုတ်မျက်နှာလေးဖြင့်ဖြစ်သည်။အရင်ကများ အလုပ်သွားဖို့ဆို
သူကအရင်ပြင်ဆင်နှင့်ပြီးသား။
မနေ့က J နဲ့ မိုးရေချိုးပြီးတည်းက
နေလို့မကောင်းတော့ခြင်းဖြစ်ရာ မနက်ကျတော့ သေချာပေါက်ကိုဖျားနေပြီဖြစ်သည်။
သိလျှင်စကားများရမှာစိုး၍ အလုပ်သွားနှင့်ကြောင်း စာလေးချန်လျက် Jအခန်းထဲဝင်အိပ်နေသော်လည်း သူနှင့်ပတ်သက်လျှင် နှစ်ပေါင်းနှစ်ဆယ်ကျော်လုံး အလွတ်ရခဲ့သူဟာ ဘယ်တုန်းကများလိမ်လို့ရခဲ့ဖူးလို့လဲ..။
ပူခြစ်နေသည့်အသားတွေကိုတစမ်းစမ်းဖြင့် စမ်းမိတိုင်း တောက်တခေါက်ခေါက်ဖြင့် အခုချိန်ထိ ဆေးရုံလည်းမပို့ပေးသေးဘဲ ဆူပဲဆူနေသည်။"ဘာပဲဖြစ်ဖြစ်-"
"တော်တော့ကွာ! မနက်၅နာရီထိုးကြီးကို မင်းဘာဖြစ်နေတာလဲ...ငါအိပ်ရေးမဝသေးဘူး သွား! အခန်းထဲကထွက်တော့..."
YOU ARE READING
"Hey! Min.." [Completed]
Romanceလူတွေက တစ်ယောက်တစ်မျိုးစီ ရူးနေကြတယ်ဆိုရင်... ကိုယ်ကတော့ မင်းကိုရူးမယ်....။ >>Uni+Zawgi<<