(27)

946 116 43
                                    

Unicode

"ဟာ တော်ပြီ တော်ပြီ ငါမလိုက်ဘူး.."

"ဘာဖြစ်လို့လဲ..Hyungကလည်း.."

"မင်းတို့ဟာက ဟုတ်မှမဟုတ်တာ..။ သက်ကယ်အင်္ကျီမရှိဘာမရှိနဲ့ ငါရေလည်းမကူးတတ်သလို လှေလည်းမစီးရဲဘူး နှစ်ယောက်တည်းသွားစီးကြ..မလိုက်ဘူး အိမ်မှာပဲနေခဲ့မယ်.."

အိပ်ချင်မူးတူးဖြင့်Jin Hyungသည်
ဆံပင်စုတ်ဖွားနှင့် စောင်ပုံအောက် မြုပ်နေလျက်အသည်းအသန်ငြင်းနေတော့သည်.။ လှေစီးရမယ်ဆိုတော့ Seokieလေးသည် မနက်အစောကြီးတည်းကနိုးနေကာ ဝတ်စုံပြည့်ဖြင့် ခုံပေါ်မှာတောင်အေးအေးဆေးဆေး ဂိမ်းထိုင်ဆော့နေသေးသည်.။ သူတို့ဘာပြောနေသည်ကိုတောင် အာရုံထဲရှိပုံမပေါ်.။

"Hyungနော် သိတယ်.။ ဟိုကောင်နဲ့
ဖုန်းချိန်းထားလို့မလား နှစ်ယောက်လုံးကို
သိပ်ကြည့်လို့ရတော့တာမဟုတ်ဘူး။"

"ဟာ မဟုတ်ပါဘူး မင်းကလည်း...
Hyungရေကြောက်တာ သိရဲ့သားနဲ့."

" Min Yoongi..မင်းလည်း တော်တော်ရစ်တယ်နော်။ သွားမယ်လာ ငါအရမ်းစီးချင်နေပြီ.."

ဂိမ်းကလည်းရှုံး..နားကလည်းညီးဖြင့်
လှေစီးချင်လှသောစိတ်တစ်ခုတည်းနှင့်
Hoseokမျက်နှာသည် မကြည်လင်နိုင်တော့.။ အခန်းလယ်တွင်မတ်တပ်ရပ်နေသူ၏ အနွေးထည်လက်အနားစအား ရသလောက်လှမ်းဆွဲတော့ Yoongiသည် ရုတ်တရက်မို့ ချော်လဲမလိုဖြစ်သွားသည်.။

"အင်း...အင်းပါ လာပါပြီ.."

"ငါတို့ Hoseokieလေးအတော်ဆုံးပဲ..
ကောင်းကောင်းပျော်ပြီးပြန်လာကြ ရန်ဖြစ်မနေကြနဲ့ဦးနော် Hyungက အသံကြားတာနဲ့ ဒယ်ဒီ့ကိုလှမ်းတိုင်မှာ Yoongiကတော့ အနည်းဆုံး၅ချက်ပဲ...မကြောက်ရင် ဖြစ်ကြ..."

ပြောပြီးတာနှင့်Jin Hyungသည် စောင်ပြန်ခြုံကာ ကျောခိုင်းပြီး ပြန်အိပ်နေသည်.။
၅ချက်ဆိုတော့ အထာပေါက်သွားသည့် Hoseokက မျက်လုံးပြူးသည်.။ Mr.Min၏ လက်စလက်နကိုလည်း လက်တွေ့မြင်ဖူးခဲ့သည်မို့ နေရင်းထိုင်ရင်း
ကျောနေရာက ခပ်ယားယား.။

" လာ သွားမယ်.."

"အင်း..."

ဥယျာဥ်မှူးလက်ဆွဲခေါ်ရာနောက်သို့ပါလာသောပန်းကလေးသည် ယောင်နနဖြင့်ဖြစ်ကာ သူ့လက်များအား ပိုင်စိုးပိုင်နင်းတစ်ချောင်းချင်းယှက်ကာ လာကိုင်ထားခြင်းကို ရုန်းတောင်မရုန်း..။ ခပ်တည်တည်ပဲလိုက်ပါလာပြီး ကန်စပ်ကိုဆင်းလာပြီးနောက် အရောင်လှလှလေးစိုနေသည့်လှေလေးတစ်စင်းကို Yoongiက ငုတ်တွင်ချည်ထားသည့်ကြိုးမှတစ်ဆင့်လှမ်းဆွဲလိုက်သည်..။

"Hey! Min.."  [Completed]Where stories live. Discover now