(28)🌙

1K 121 16
                                    

Unicode

" အဆင်ပြေတယ်ဆိုတာ ဟိုလိုမျိုးလည်းမဟုတ်..."

"တော် တော် J.. မင်းဘာဆေးမှယူသွားတာမဟုတ်ဘူး.။ အခုလည်းမျက်နှာကလန်းနေတာပဲ သေချာပေါက်စိတ်ချမ်းသာနေမှာကို ငါကသိတယ်နော်..အခုမင်းယောက်ျားဘယ်မှာလဲ.."

" Jin Hyungကိုကားဂိတ်လိုက်ပို့နေတယ်..
ဒယ်ဒီက အလုပ်ကူဖို့ပြန်ခေါ်တယ်ဆိုလား သေချာတော့မသိဘူး။"

"ဟုတ်လား..."

အင်္ကျီကျွတ်ကြီးဖြင့် JungKookသည်ထုံးစံအတိုင်း အိပ်ခါနီးကိုဆေးတွေစပ်နေရင်း
ထပြုံးသည်..။

"ဒါဆို အိမ်မှာမင်းတို့နှစ်ယောက်တည်းကျန်ခဲ့တာပေါ့။"

"အေးလေ အဲ့ဒါဘာဖြစ်လဲ..."

"ဘာမှမဖြစ်ဘူး ဖြစ်ဖို့ပြောမလို့..."

"ဟမ္..."

"ငါပြောမယ် သေချာနားထောင်.။
အဲ့ကိစ္စကိုစမ်းကြည့်ဖို့အတွက် မင်းက မင်းယောက်ျားကိုကျော်မလို့လား။ ငါလည်းမင်းကို တခြားဘယ်ကောင်နဲ့မှကြည်ဖြူတာမဟုတ်ဘူး.။ အခု မင်းတို့လက်ထပ်ထားကြတာပဲတစ်လပြည့်တော့မယ် ဟိုကမင်းကို လက်ဖျားနဲ့တောင် မထိသေးဘူးမလား.။"

"အင်း။"

"ငါတော့အဲ့ဘဲကို တကယ်အံ့သြတယ်..။ ယောက်ျားပဲကွာ..ကိုယ့်မှာ ကာမပိုင်တစ်ယောက်လုံးရှိနေရဲ့သားနဲ့ လက်ပိုက်ပြီးမထိရက်မတို့ရက်ကြည့်နေနိုင်တာ ငါသာဆိုရမှာမဟုတ်ဘူး.။"

"မင်းနဲ့သူနဲ့တူလို့လား အဲ့ဒါ
Jeon Jungkookမဟုတ်ဘူး Min Yoongi.."

"အေး အဲ့ဒါပဲလေ..။
Yoongi Hyungက မင်းကိုကြင်နာတယ်မလား.."

ဟုတ်သည်ပေါ့။ ဒီမေးခွန်းအတွက်ဖြေရရင်
အ​ဖြေက မတွန့်မဆုတ် ဟုတ်တယ်ပဲ..။ Hoseok ခဏကြာ ငြိမ်သက်သွားပြီးမှ
ဆံပင်တွေကိုထိုးဖွလျက်ခေါင်းညိမ့်သည်.။

"မင်းထင်တာထက်ပိုတယ်"

မျက်နှာတည်နှင့်ဖြေပုံတွင် Jungkookမသိအောင် Hoseokနှလုံးသားက ညိမ့်ညိမ့်လေးခုန်နေခဲ့သည်..။

"လောကကြီးမှာ မိန်းမဖြစ်တာတောင်မှ 
ယောက်ျားဖြစ်သူရဲ့မြတ်နိုးမှုကိုငတ်နေတဲ့အချိန် မင်းလို အပေအတေကောင်က ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ ဘယ်လောက်တောင်ကံကောင်းနေ​လဲဆိုတာ အနားမှာရှိရင် ပါးလေးရိုက်ပြီးပြောပြချင်တယ်သိလား"

"Hey! Min.."  [Completed]Where stories live. Discover now