🌼(26)🌼

908 115 11
                                    

Unicode

​ခန္ဓာကိုယ်အောက်ပိုင်းသည် ချမ်းစိမ့်စိမ့်ဖြစ်နေကာ မျက်လုံးကိုလည်း နေရောင်စူးစူးထိုးခံထားရသည်မို့ Hoseokမျက်လုံးတွေပွင့်လာသည်.။ ဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့် နေရာစိမ်းကြောင့် ရင်ထဲထိတ်ခနဲဖြစ်သွားရ၏။

ထိုနေရာသည် ရိုးရာအိမ်လိုနေရာမျိုးဖြစ်ပြီး သူကအခန်းဆောင်တစ်ခုထဲတွင်ရောက်နေကာ ခြေရင်းမှာတော့ ပုံနေသည့်စောင်တစ်ထည်ရှိသည်.။

"ဘယ်ရောက်နေတာလဲ.."

အရိုးသားဆုံးလန့်သွားမိကာ ကျုံးရုန်းထထိုင်မိလိုက်သည်.။ အနည်းငယ်ပွင့်ဟနေသည့်ပြတင်းပေါက်လေးဆီမှ နေရောင်တန်းသည် အရှိန်ကောင်းကောင်းဖြင့် Hoseokမျက်နှာပေါ် ထိတွေ့လျက်ရှိသည်။

မျက်လုံးတွေ ပေကလပ်ပေကလပ်ဖြစ်ကာ ညကMemoryတွေကို ပြန်ခေါ်မိသည်.။ ယောင်းတို့ကားကိုပြင်ပြီးတော့ ခရီးဆက်တာကနေစကာ ကားပေါ်မှာ Min Yoongiနှင့် မပြီးနိုင်မစီးနိုင်ရန်ဆက်ဖြစ်ခဲ့သည်။ ထို့နောက် မောကာအိပ်ပျော်သွားခြင်းဖြစ်လိမ့်မည်.။

ဟုတ်သည်.။ အဲ့နောက်ပိုင်းကျန်တာတွေ သူဘာမှမမှတ်မိတော့.။

" Min-  Min Yoongi...မင်းဘယ်မှာလဲ.."

အော်သာအော်မိပေမယ့် ကိုယ့်နေရာလည်းမဟုတ်၍ Hoseokအသံကမပွင့်တပွင့်လေးဖြစ်နေသည်.။ အခုချိန်ထိ ထိုင်ရာကနေလည်းမထမိသေး.။ ဘေးကိုကြည့်လိုက်တော့ တစ်ယောက်ယောက်အိပ်သွားပုံရသည့် ခေါင်းအုံးတစ်လုံးထပ်ရှိနေသည်.။ ခေါင်းအုံးပေါ်မှာ စာရေးထားသည့်အပြာရောင်မှတ်စုစာရွက်လေးတစ်ရွက်ကို တွေ့တော့ ဖျတ်ခနဲ ဆွဲယူဖတ်လိုက်သည်။

>> နိုးပြီးဆိုရင်လည်း လန့်မနေနဲ့...
ညကမင်းအိပ်နေလို့ ဒီတိုင်းမနှိုးပဲသိပ်ထားတာ မျက်နှာသစ်ပြီးရင် ဆင်းလာခဲ့နော်..
ကိုယ်အောက်မှာ ရှိတယ်...<<

"ဟူး....တော်သေးတာပေါ့။"

Hoseokသည် ထိုအခါမှ သက်ပြင်းချမိကာ စိတ်အေးသွားသည်.။ ဘေးနားက စားပွဲခုံပုလေးမှာက တဘက်တစ်ထည်နှင့် လိုအပ်သည့်ပစ္စည်းပစ္စယတွေက အဆင်သင့်.။ အခန်းထဲကို သေချာဝေ့ကြည့်ပြီးနောက် ရေချိုးခန်းဟုထင်ရသော အခန်းလေးထဲ ပစ္စည်းတွေယူကာ ဝင်လာလိုက်သည်.။ ဝင်ဝင်ချင်း မျက်နှာချင်းဆိုင်ရှိနံရံကပ် မှန်ချပ်ပေါ်မှာ နောက်ထပ်စာရွက်တစ်ခုရှိနေပြန်သည်။

&quot;Hey! Min..&quot;  [Completed]Tempat cerita menjadi hidup. Temukan sekarang