(35) Part-1

821 117 28
                                    

Unicode

ဒီနေ့အိမ်ကိုပြန်ဖို့ ရည်ရွယ်ထားသည်။
အလုပ်ကိုသွက်သွက်လုပ်ကာ သူမရှိတဲ့အချိန် မျက်နှာလွှဲထားရအောင် အတွင်းရေးမှူးကို မှာစရာရှိတာမှာ၍
ကားသော့လေးဆွဲကာ အောက်ကိုဆင်းလာခဲ့လိုက်သည်။ ဒီကအိမ်ကိုလည်း သူဆိုးလ်ကိုခဏပြန်မည်ဖြစ်ကြောင်းဖုန်းလှမ်းဆက်ထားလိုက်သည်။

အောက်ရောက်မှသတိရတာသည် ရုံးခန်းထဲ မှာ ပိုက်ဆံအိတ်ကျန်ခဲ့သည်.။ Accidentဖြစ်ထားသည့်အရှိန်နှင့် မေ့ဆေးတွေ၏အားဖြည့်မှုကြောင့် သတိတရားဆိုတာ သူ့မှာသိပ်မရှိတော့.။ ခဏခဏမေ့တတ်လာကာ တစ်ခါတလေ Meetingတွေကိုပါမေ့တဲ့အထိဖြစ်လျက် အခန်းထဲ Noteလေးတွေမှတ်ပြီးကပ်ထားရတဲ့အထိ ကသောင်းကနင်းနိုင်လွန်းလှသည်။

ချက်ချင်း ကောင်တာဆီသွားကာ ရုံးခန်းနှင့်ဖုန်းချိတ်ခိုင်းရသည်။ အတွင်းရေးမှူးကိုယ်တိုင်ဆင်းပေးလာပြီးနောက် ဘာကျန်သေးလဲသေချာစဥ်းစားနေရသေးသည်။ မရှိတော့တာသေချာမှ စိတ်ချလက်ချကားမောင်းထွက်လာနိုင်သည်။ လက်ဆောင်တွေလည်းဝယ်သွားချင်တာမို့ မြို့အထွက်က ကုန်တိုက်တွေရှိသည့်နေရာမှာ ရပ်ပြီး အဆင်ပြေလောက်မည့်ကုန်တိုက်တစ်ခုထဲသို့ ဝင်ခဲ့သည်။

"Mr.Kim!!!"

"ဟာ Mrs.Lee...ဘယ်လိုလုပ်ဒီ​ေရာက်နေတာလဲ..."

အမျိုးသမီးလှလှလေးသည် သူ့အားဝမ်းသာအားရကြည့်ကာ အနားကိုလျှောက်လာသည်။

"တိုးတိုး...ကျွန်မက ဒီနေရာရဲ့ပိုင်ရှင်လေ...
အသံတိတ်ကွင်းဆင်းလေ့လာနေတာ...."

ပုခုံးနားလေးကပ်ကာ လေသံဖြင့်ပြောသည်အား Hoseokက ရယ်သည်။ Mrs.Leeသည်
စီးပွါးရေးမိတ်ဖက်ဆိုတာထက် ပျော်ပျော်နေတတ်သည့်ပေါ့ပေါ့ပါးပါးအမျိုးသမီးမို့ ဟန်ပန်မရှိဘဲ သူနှင့်သိပ်ကီးကိုက်သည်။ အခုလည်း တန်ဖိုးကြီးဂါဝန်လှလှများနှင့်အိတ်များကို အသုံးတော်ခံမလာပါဘဲ Hoddieခပ်ပွပွတစ်ထည်နှင့်ဂျင်းဘောင်းဘီသာဝတ်ထားကာ နေကာမျက်မှန်တစ်လက်ဖြင့် အိတ်လေးတစ်လုံးကိုစလွယ်သိုင်းထားသည်။

"Mr.Kimကရော ဘာလာလုပ်တာလဲ..."

"ကျွန်တော် မိဘတွေဆီခဏပြန်မလို့ လက်ဆောင်လာဝယ်တာ...."

"Hey! Min.."  [Completed]Where stories live. Discover now