🌸Ending🌸 Life Goes On...

1.1K 133 88
                                    

Unicode

"MD....ဧည့်သည်..."

ဖိုင်တွဲတစ်ခုထဲခေါင်းစိုက်နေတုန်း ကိုင်းမျက်မှန်အထူကြီးအောက်မှ ဆတ်ခနဲ မျက်လုံးလှန်ကြည့်မိသည်။ ဝင်လာသည်က ပီကေတဖောက်ဖောက်နှင့် သူမနိုင်သားလေး..။

တစ်ကိုယ်လုံး စတီးရောင်တောက်နေသော
တွဲလီတွဲလောင်းလက်ဝတ်လက်စားများဖြင့် Min-Jသည် ဆယ်ကျော်သက်၏ နုနယ်ပျိုမြစ်မှုများဖြင့် လန်းလန်းဆန်းဆန်းရှိနေကာ ပြူးတူးပြဲတဲအရုပ်ကြီးများပါသည့်တီရှပ်ဖားဖားကြီးဖြင့် အားကစားဘောင်းဘီရှည်ခပ်ပွပွကိုဝတ်ဆင်ထားသည်။

အရွယ်နှင့်တောင်မလိုက်သည့်ခန့်ညားလန်းဆန်းမှုများသည် မိဘတွေဘယ်လောက်ချောကြသလဲကို Min-Jအားကြည့်ရုံနှင့်တင်သိနိုင်သည်.။ နှုတ်ခမ်းတွေလျှာတွေနှာခေါင်းတွေမှာက သူ​မြှောက်ပေးထားသည့် Piercingတဖျတ်ဖျတ်တွေရယ် လက်တွေ လည်တိုင်တွေမှာကတော့ သူကိုယ်တိုင်လက်ကမြင်းပေးထားသည့် Tattooခပ်မိုက်မိုက်ကြီးတွေကနေရာပြည့်ထင်းထင်းလင်းလင်း.။ ဒါတွေကို ကြည့်မိလိုက်လျှင် MD Minနှင့်အတိုက်အခံလုပ်ကာ ရန်အကြီးအကျယ်ဖြစ်ခဲ့ရသောနေ့ရက်တွေကိုသတိရသည်။ သားအဖနှစ်ယောက်စလုံးမိုးမမြင်လေမမြင်မွှေခဲ့ကြသည့် ဗြုတ်စဗျင်းတောင်းနေ့ရက်ကလေးတွေပင်။

"လာ...မျက်နှာကဘယ်လိုဖြစ်လာပြန်တာလဲ"

"appa Minမမိုက်ဘူးဗျာ... J ကွိုင်တက်တော့မလို့..."

အနားရောက်လာပြီး အလုပ်စားပွဲပေါ်တက်ထိုင်တာကြောင့် တင်ပါးကိုလှမ်းရိုက်လိုက်သည့်အခါ ပြန်ခုန်ဆင်း၍ ပေါင်ပေါ်လာထိုင်သည်။

"မင်းကဘာသွားလုပ်လိုက်လို့လဲ..."

"ဘာလုပ်ရမှာလဲ J ဒီ​ေလာက်လိမ္မာတာ Appaသိရဲ့သားနဲ့...သုံးတာ လက်ကြီးလို့ဆိုပြီး Cardလှမ်းပိတ်လိုက်တာ...J ဟိုမှာတန်းလန်းကြီး အဲ့ဒါမုန့်ဖိုးလေး..."

"Jနော်....ဘာတန်းလန်းလဲငါသိတယ်
ဆော့တာကလည်းဆော့ လောင်းကြေးအကြီးကြီးတွေတော့မလုပ်နဲ့ပေါ့...ပိတ်ခံလိုက်ရတာနည်းတောင်နည်းသေးတယ်။ မနည်းတာက ငါ့ဆီရောက်ရောက်လာတာပဲ.."

"Hey! Min.."  [Completed]Where stories live. Discover now