(23)

820 120 27
                                    

Unicode

အဲ့ဒီ့နေ့က အသည်းအသန်ချော့မော့လိုက်ရသည့်နောက် အဆိုးအဆာဟာ ရင်ခွင်ထဲမှာပဲ
မောမောပန်းပန်းအိပ်ပျော်သွားခဲ့သည်.။
ငိုပြီဆိုရင် သူလေးဘာမှကိုမသိတော့ဘူး.။
ရန်ဖြစ်ဖို့လည်းသတိမရသလို မုန်းဖို့ကိုလည်းသတိမရတော့ဘူး။ ရှိုက်ကြီးတငင်နဲ့မျက်ရည်တွေကို သွန်မှောက်ပြီးရင် သိပ်မုန်းပါတယ်ဆိုတဲ့လူရဲ့ ရင်ခွင်ထဲမှာလည်း ပင်ပင်ပန်းပန်းအိပ်မောကျသွားတတ်တယ်.။

အဆင်ပြေတာလား မပြေတာလား...
ဘာမှန်းမသိသည့် အိမ်ထောင်ရေးလေးမှာ
ရင်ဘတ်တွေလည်းအောင့်ခဲ့ရသည်.။
မျက်ရည်တွေလည်းကျခဲ့ရသည်.။ အပြန်အလှန်အော်ဟစ်သံတွေမှာ လူဆိုးလေးဘက်ကနေ လက်တွေလည်းပါခဲ့သည်.။

ဆက်တောင်းပန်ဖို့လိုနေတာလား...
ရိုရိုကျိုးကျိုးနေထိုင်ခဲ့တဲ့ ကျိုးနွံမှုတွေကပဲ အားနည်းနေခဲ့တာလား...။ Hoseokက အခုချိန်ထိသူ့ကို ခွင့်မလွှတ်နိုင်သေး။ တခြားလူမဟုတ်ဘဲ ကိုယ့်ယောက်ျားနဲ့နမ်းခဲ့တာကိုတောင် ကိစ္စအကြီးကြီးလုပ်ကာ အဲ့နေ့မှစမျက်နှာချင်းမဆိုင်တော့.။

နိုးလာရင် သူမနိုးခင်အစောကြီးထသွားတတ်သည်.။ မဟုတ်လျှင် Jeon JungKookဆီသွားအိပ်နေကာ မိုးလင်းလို့သူအလုပ်သွားမှပြန်လာသည်.။ တစ်ခန်းတည်းနေကြတယ်...လက်ထပ်တုန်းကလည်းအခန်းခွဲနေဖို့ကိုတစ်ခွန်းမှမဟခဲ့ဘူး.။ အဲ့ဒါလေးကိုပဲ Minကကျေနပ်နေခဲ့တာ။ ဒီနေ့တော့ သူကဦးအောင် အစောကြီး နိုးနှင့်နေသည်.။

ညကညဥ့်နက်တဲ့အထိအလုပ်လုပ်ထားသည့်အရှိန်နှင့် လူကမူးနောက်နေသော်လည်း လူဆိုးကောင်မျက်နှာကိုခစားချင်လွန်း၍ တစ်ညလုံးကမ္ဘာပျက်နေရခြင်းအား ဆိုင်သူလေးကတော့ သိရှာမည်မထင်.။ မသိလည်း  Min Yoongiကပြာယာခတ်နေဦးမှာပဲ...။

အိပ်နေလျှင်ဆင်အော်တာတောင်မနိုးတတ်သည့်အကျင့်လေးကိုလည်း ညတိုင်းတာဝန်ကျေနေကျအခိုက်အတန့်လေးတွေမှာ နှာတံလေးကို လက်ညှိုးလေးနဲ့စနောက်မိတဲ့အချိန်...ပါးလေးတွေကို လက်သန်းလေးနဲ့ တို့ထိမိတဲ့အချိန်...နှုတ်ခမ်းလေးတွေကို လက်မလေးနဲ့ ပွတ်ဆွဲမိတဲ့အချိန်...ညှပ်ရိုးလေးတွေကို လက်ဖျားလေးနဲ့ ကျူးကျော်မိတဲ့အချိန်တွေမှာ လှိုက်တက်လာသည့်တပ်မက်မှုများနှင့် Minဟာ အသံတိတ်ကျွမ်းဝင်ခဲ့ရသည်.။Jung Hoseok ဘယ်လောက် မြတ်နိုးဖို့ကောင်းသလဲဆိုတာ စကားတွေနဲ့တောင်မဖော်ပြတတ်။

"Hey! Min.."  [Completed]Where stories live. Discover now