(32) Part-2

730 108 39
                                    

Unicode

ရှေ့ဆက်ဖို့အတွက်
အကြောင်းပြချက်တွေ မဲ့သွားတဲ့အခါ...
ထာဝရတစိမ့်စိမ့်ကြည့်ချင်ခဲ့တဲ့
မျက်နှာလေးကို မကြည့်ရဲတော့တဲ့အခါ...
ဦးနှောက်ဟာ သွေးစက်စက်ကျနေတဲ့နှလုံးသားကိုပစ်ပြီး တစ်သက်စာအတွက်
မျက်လုံးတွေကို ထိုးဖောက်ပစ်ရမလား...
တစ်သက်စာအတွက် အမှောင်ချပစ်ရမလား
......................

ခြေလှမ်းတွေသည် လေးလံစွာ ဦးတည်ချက်ခိုင်ခိုင်မာမာဖြင့် လှေကားထစ်တွေပေါ်တစ်ထစ်ချင်း..။

အရောင်မဲ့နေသည့်မျက်နှာ...အေးစက်နေသည့်မျက်ဝန်းတွေ...ပတ်ဝန်းကျင်ကိုမမြင်တော့ဘဲရှိလျက် ကြားခဲ့ရသမျှအတွက် ယုံဖို့အထိကို မရဲစွာပဲ တစ်ကိုယ်တော်ရူးခြင်းများဖြင့် ရင်ထဲမှာခပ်အက်အက်ရယ်မောသံများဆူညံနေသည်။

လွယ်လွယ်ကူကူတည်ဆောက်ခဲ့ရသည့်
အဆင်ပြေမှုတွေမဟုတ်လို့ အခုမှလန်းဆန်းလာသည့်နှလုံးသားက နောက်တစ်ခါအက်စစ်တွေအပက်ခံလိုက်ရပြန်သည်...။
ဘယ်သူမှန်းကိုမသိချင်တော့...ဘယ်သူပဲဖြစ်ဖြစ် ဒူးထောက်တောင်းပန်လိုက်ချင်စိတ်သာရှိနေသည်။ ရက်စက်လိုက်ကြတာများ ပင်ပန်းနေပြီးသားနှလုံးသားတွေကိုမှ..။

အသိစိတ်သည်ဝင်တစ်ချက် မဝင်တစ်ချက်.။ ချမ်းစိမ့်နေသည့်ရာသီဥတုကြောင့် သူသည် လက်နှစ်ဖက်ကိုပိုက်ထားရင်း တံခါးတစ်ခုကိုဖြတ်ဝင်ပြီးသည့်အခါ လေပြင်းတွေက ကြိုဆိုလာသည်။

ဘာလုပ်တော့မှာလဲ...
ပျော်ရွှင်မှုတွေပေးချင်ခဲ့သော်လည်း နာကျင်မှုတွေပဲသက်ရောက်သွားသည့် လောကကြီးမှာ သူဘာလုပ်ဖို့မျက်နှာပြောင်တိုက်နေရဦးမှာလဲ..။ သိပ်ချစ်ခဲ့ပြီထင်ခဲ့တာ...သူသာအချစ်တတ်ဆုံးလူသားကြီးအဖြစ်နဲ့ ဒီအမျိုးသားလေးရဲ့ ထီးကလေးဖြစ်ချင်ခဲ့တာ..။ နောက်ဆုံးတော့လုပ်ခဲ့သမျှအကျိုးဆက်က ဆေးလုံးတွေထဲပိတ်လှောင်သွားတာ...သံကြိုးတွေနဲ့အတုပ်ခံရတာ...။

လေးငါးယောက်တဲ့...။
ရယ်သံတွေဟာ ခြောက်အက်အက်.။
မျက်လုံးလေးတွေကွေးညွှတ်နေပေမယ့်အသက်မပါ..။ သွေးမရှိတော့သည့်နှုတ်ခမ်းလေးတွေက ဒီတစ်ခါတော့အမျိုးသားလေးအကြိုက် နီစွေးမနေခဲ့.။

"Hey! Min.."  [Completed]Donde viven las historias. Descúbrelo ahora