(2)

1.3K 170 15
                                    


ညကြီးအချိန်မတော် အိမ်ကြီးထဲတွင် လှေကားထစ်တွေပေါ်မှ သွေးပျက်ခြောက်ခြားစွာဆင်းလာနေသော သူသည် နဖူးပြင်တွင်ချွေးများစို့လျက် တံတွေးကိုဘယ်နှခါမြောက် မျိုချမိနေမှန်းရေတွက်မရတော့.။ အနက်ရောင်ညဝတ်အင်္ကျီဝမ်းဆက်ကိုဝတ်ထားကာ ခြေဖမိုးသည် ဘောင်းဘီရှည်ရှည်အောက်တွင်မြုပ်လျက် လမ်းလျှောက်မှသာပေါ်လာတတ်သည့်ခြေချောင်းလေးတွေက ဆောက်တည်ရာမရစွာ ပစ်လဲပစ်ချင်သည်အထိအားနည်းနေသည်။

မီးဖိုခန်းထဲရောက်တော့ ရေခဲသေတ္တာကိုဆွဲဖွင့်ကာ သောက်စရာကိုရှာမိသည်။ ကြီးမားသောအရွယ်အစားမို့အကန့်တွေမှားဖွင့်ကာ မူးမူးနောက်နောက်ဖြင့် ဘီယာတစ်ဘူးကိုခက်ခက်ခဲခဲရလာသည်။ တည်ငြိမ်စွာပင်ဘူးကိုဖွင့်နေပေမယ့် လက်တွေတုန်နေတာလေးကိုတော့ ကာယကံရှင်ကိုယ်တိုင်သာသိပါလိမ့်မည်။

အိပ်မက်ဆိုးများသည် အချိန်အကြာကြီးပြေးစရာနေရာမရှိအောင်သူ့ကိုအထပ်ထပ်ပိတ်လှောင်ထားကာ အကြောက်တရားသည် ရှားပါးလွန်းစွာ သူမှန်းမသေချာတော့အောင်မွေးဖွားလာတတ်မြဲ.။ နှလုံးတွေလည်းအဆက်မပြတ်အခုန်မြန်လာကာ အသက်ရှူတွေပင်ကြပ်လာသည်။ ဒီနှစ်ထဲတစ်ခါမှမမက်သေးတာကြောင့် အိပ်ဆေးတွေကိုဖြတ်ပြီး စိတ်အေးစွာအိပ်နိုင်လာခဲ့တာ ဘယ်လောက်မှမကြာသေး။

"Seok..အိပ်မပျော်ဘူးလား ဘာဖြစ်လို့လဲ.."

ထမင်းစားစားပွဲအားလက်ထောက်ကာ ပြိုလဲတော့မလိုရပ်နေသည့်Hoseokအား Namjoonက အထူးတဆန်းကြည့်ကာ မေးလာသည်။ လက်ထဲကဘီယာဘူးကိုတွေ့တော့မှ အခြေအနေကိုသဘောပေါက်သွားဟန်ဖြင့် စိုးရိမ်တကြီးအနားပြေးကပ်မိသွားသည်။

"အိပ်မက်ဆိုးတွေထပ်မက်တာလား!!"

"Hyungက မအိပ်ဘဲ ဘာလုပ်နေတာလဲ.."

"ရေဆာလို့ နိုးလာတာ..ဖြေပါအုန်း အိပ်မက်မက်လို့လား..."

ခေါင်းညိမ့်ပြပုံသည် သွေးပျက်နေသလို.။ Namjoonသနားသွားမိကာ ဆွဲယူဖက်လိုက်တော့ ဘီယာဘူးလေးလွတ်ကျသွားပြီး Hoseokတစ်ကိုယ်လုံး သူ့ရင်ခွင်ထဲသို့ အဝတ်တစ်ခုလိုပါလာသည်။ အဆင်ပြေ​သွားမှာဖြစ်ကြောင်း တဖွဖွပြောကာ ကျောပြင်လေးကိုပွတ်သပ်ပေးနေရင်း ရင်တွေလည်းနာရပါသည်။ သူမမြင်ချင်ဆုံးက Seok၏ဒီလိုပုံစံပင်.။ အပြစ်တွေကိုပြန်မြင်ယောင်လာတော့ ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲမိတာအခါခါ.။ ဒီအိပ်မက်တွေမက်တိုင်း ပျော့ခွေသွားတတ်သည့်ပုံစံအား သိပ်မုန်းလှပါသည်။ ဆံပင်ပျော့ပျော့တွေကိုဖွဖွထိကာ နှစ်သိမ့်ပေးတော့ ရှိုက်သံလေးကခပ်သဲ့သဲ့.။

"Hey! Min.."  [Completed]Where stories live. Discover now