(6)

1K 146 45
                                    


နေရာသည် မှောင်မဲနေသည့် ကားပါကင်အဟောင်းတစ်ခုထဲတွင်ဖြစ်သည်။ လူတစ်ယောက်သည် အကောင်းစားသားရေဘွတ်ဖိနပ်တစ်ရံအနားတွင် နဖူးကိုအပ်ထားကာ အံကိုလည်းကြိတ်ထားသေးသည်....။

"Ahh!! အရသာရှိလိုက်တာ."

နဖူးပြင်ကချွေးစများအား ခရမ်းရောင်လက်စွပ်မောင်းကွင်းလေးစွပ်ထားသည့်လက်သန်းဖျားလေးဖြင့်ဖိသုတ်ကာ Hoseokက ခေါင်းမော့လျက် ခပ်လွင်လွင်ရယ်လိုက်သည်။

"တရားမမျှတဘဲ နိုင်သွားတာကို အရသာခံတတ်နေသေးတာလား မင်းက..."

အရူးလို သဘောတကျ ရယ်နေမိရင်း ထိုစကားကြားတော့ Hoseokမျက်နှာသည် ဖျတ်ခနဲ အေးစက်သွားလျက် ဖိနပ်အောက်ကလက်ဖျားတွေကိုတတိယအကြိမ်မြောက် ကြိတ်နင်းပစ်လိုက်သည်။

"ရည်ရွယ်ချက်ကတရားမျှတဖို့မှမဟုတ်တာ အရူးရဲ့။ မင်းရဲ့ဦးနှောက်မပါတဲ့ခေါင်းပဲ ငါ့ခြေထောက်အောက်ရောက်လာဖို့မဟုတ်ဘူးလား။"

ထိုလူသည် မုန်းစရာကောင်းလောက်အောင်ပြုံးရင်းပြောနေသည့် မျက်နှာအားမော့ကြည့်မိသည့်အခါ မေးရိုးဆီသို့အားပြင်းပြင်းနှင့်အကန်ခံလိုက်ရပြန်သည်။

"အား!!!"

"ထပ်လုပ်မိရင် မင်းသေဖို့ပဲရှိတယ်နော် ဟာဝန်း!!! အကြည့်တွေကိုပြင် မင်းကိုသတ်ချင်ရင် အသက်ရှူလမ်းကြောင်းထဲ ငါစားနေတဲ့ပီကေ ဆို့လိုက်တာနဲ့ တစ်ချက်တည်းပြီးတယ်.."

မိုးလင်းကတည်းကထွက်နေသည့်ဒေါသတွေသည် ဘာမဟုတ်သည့်အသေးအမွှားလေးဘက်ကရန်စရာမှ မပြေလည်နိုင်ရှိကာ ညကမူးမူးနှင့်လုပ်ချင်ရာလုပ်ပစ်ခဲ့မိသည့်အတွက် အရှက်ပြေစိတ်ထွက်ပေါက်ဖြစ်လာခဲ့တော့သည်။ စိတ်သည် လာထိပါးသည့်လေပြင်းလေးတစ်ချက်အပေါ်ကိုတောင် သည်းမခံနိုင်ဖြစ်နေတာမို့ ခြေထောက်အောက်ကလူသည် ထိုကိစ္စအတွက်ကြီးကြီးမားမားဒေါသထွက်စရာဖြစ်သွားခဲ့သည်။

"တောက်!!! သွားတော့. ငါစိတ်မပါတော့လို့နောက်တစ်ခါမင်းမျက်နှာကြီး ငါ့မျက်စိရှေ့ထပ်ပေါ်မလာနဲ့"

"Hobi...ဘာလဲဟ ဒီတိုင်းကြီးလား..."

"မင်းတို့လည်း ဘာမှထပ်မပြောနဲ့.. သူ့ကိုTaxiငှါးပေးလိုက်."

"Hey! Min.."  [Completed]Where stories live. Discover now