(30)

822 111 23
                                    

Unicode

"တော်ပြီ...ထ.အလုပ်သွားတော့..."

"ဟင့်အင်း..."

မနက်စာစားပြီးကတည်းက အခန်းထဲအောင်းနေခဲ့သောနှစ်ယောက်သည် ခရီးကပြန်လာပြီးကတည်းက တစ်ပူးပူးတတွဲတွဲဖြစ်နေကာ Mr.Minအတော်လေး စိတ်ချမ်းသာနေရသည်.။ အိပ်ယာထဲလှဲကာ ဖုန်းသုံးနေသည့်Hoseokရင်ဘတ်ပေါ်တွင် ပါးပြင်အပ်ကာ အလုပ်မသွားချင်၍ အီနေသည့်လူတစ်ယောက်ရှိနေသည်.။ နေတာတောင် ဒီတိုင်းဘေးကနေရင်ခွင်ထဲဝင်နေတာမျိုးမဟုတ်..တစ်ကိုယ်လုံးတက်ကာ ရင်ဘတ်ချင်းထိကပ်ထားလျက် ဖိထားခြင်းဖြစ်သည်.။ အခုတလောဘာကြောင့်မှန်းမသိ...အဆိုးအဆာလေးနားကနေတစ်ဖဝါးမှကိုခွါချင်စိတ်ရှိမနေတာ..။

"အပိုတွေလုပ်မနေနဲ့ သွားပါတော့ဆို.."

"ချစ်လို့လေကွာ။ ချစ်တာက ပိုတာလား.."

ဆတ်ခနဲခေါင်းထောင်လာကာ နှုတ်ခမ်းပါးလေးကို ချွန်နေအောင်ရန်တွေ့ပါသော အိမ်ထောင်ရှင်ကြီးအား ရယ်ချင်ပါသော်လည်း ဂိမ်းကအရှိန်ကောင်းနေ၍ ဖုန်းနဲ့မျက်နှာခွါမရ.။

"ကိုယ့်ကို ကြည့်အုံး လူဆိုးလေး"

"ဘာလဲကွာ...မြင်ဖူးတယ်လေ..မသွားရင်လည်း ငြိမ်ငြိမ်နေ...ဂိမ်းဆော့ရတာဘာမှန်းမသိတော့ဘူး.."

လေသံမာမာသည် Yoongiမျက်လုံးတွေကို
ညှိုးငယ်သွားရန်အတွက် လုံလောက်ပါသည်.။ အဆင်ပြေတာထက်ပိုနေသည့်အနေအထားကိုရောက်မှ အအော်မခံချင်တော့ဘူး...အအော်မခံနိုင်တော့ဘူး..။ လှိုက်လှိုက်လှဲလှဲကို ဝမ်းနည်းသည်.။

"အေး ဆော့ဆော့!! ဆက်ဆော့ မသေမချင်းဆော့!! ငါ့ကိုဂရုမစိုက်နဲ့..."

ရင်ခွင်ထဲမှထသွားကာ မျက်နှာကြီးညိုမည်းလျက် Yoongiက ပေါက်ကွဲသည်.။ Hoseokကြောင်အ,သွားပေမယ့် ဂိမ်းကိုသာ ဆက်ဆော့နေသော်လည်း အာရုံက စိုက်မရတော့.။ ကုတင်ခြေရင်းကနေ ဝိုက်ကာ အခန်းတံခါးဆီဦးတည်နေသူက ခပ်ဆောင့်ဆောင့်ပင်.။

"ဘယ်သွားမလို့လဲ..."

Yoongiက ပြန်မဖြေ။ အခန်းတံခါးကိုသာ ဆွဲဖွင့်နေသည်မို့

"လာကွာ မဆော့တော့ဘူး.."

ဖုန်းကိုဘေးနားချလိုက်ကာ ပက်လက်လှန်ထားလျက်ပင် ရင်ခွင်ဖွင့်ပေးမိသည်။ Yoongiက အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး ရွေ့တော့မရွေ့။

"Hey! Min.."  [Completed]Tempat cerita menjadi hidup. Temukan sekarang