(35) Part-2

880 121 30
                                    

Unicode

"Hyungလာခဲ့မယ် Hoseok...
အဲ့မှာပဲစောင့်နေ..."

Hoseok ဖုန်းချလိုက်ပြီးနောက် ကတုန်ကယင်ဖြင့် မျက်ရည်တွေစီးကျလာသည်။ ကားဘီးကိုလည်း ဘယ်နှခါလောက်ကန်မိနေမှန်းမသိတော့။ တရားခံကကိုယ့်အမေမှန်းမသိခဲ့ဘဲ တစ်နှစ်လုံး အထင်အကြီးကြီးလွဲနေခဲ့သည့်ရုပ်ဆိုးခြင်းတွေက ခါးသီးလွန်းပါသည်။

သက်သက်မဲ့ပျက်စီးအောင်...နဂိုတည်းက ပျက်နေသည့်ဦးနှောက်ကို ဆင်ခြင်တုံတရားမဲ့သွားအောင်...မေမေသည် ဦးနှောက်အကြီးကြီးဖြင့် သူအထိမခံသည့်ကိစ္စကိုမှ လုပ်ချပစ်ခဲ့သည်။

အဲ့တုန်းက တကယ်စိတ်လေးလျှော့ပြီး ​ရှင်းပြတာကိုနားထောင်ခဲ့ရမှာ...
လက်တွေကိုလာထိတဲ့အချိန် မရှောင်ဘဲ စိတ်ငြိမ်ငြိမ်ထားခဲ့ရမှာ...ပါးရိုက်ခဲ့တာကိုလည်း အသိလေးပြန်ဝင်ပြီး ဝမ်းမနည်းခဲ့ရမှာ...။ သွေးရူးသွေးတမ်းဖြင့် Hoseokသည် ငိုလည်းငိုမချနိုင်ဘဲ မျက်ရည်တွေပဲကျလာကာ ဆံပင်တွေကိုထိုးဖွပစ်နေသည်။

နောင်တတွေရလိုက်တာများ ပြန်လှည့်မရတော့သည့် ကာလအပိုင်းအခြားတွေကိုနှမြောမိရင်းက မနက်က မျက်လုံးလေးတွေကိုအခုမှနားလည်တော့သည်။

အားနာလွန်းလို့ဘယ်လိုလုပ်ရတော့မလဲ.။
အဲ့ညက သွေးပျက်သွားသည့် ဖရိုဖရဲပုံစံကိုပြန်မြင်ယောင်မိတော့ ချစ်ခြင်းမေတ္တာတွေကို အလုံးလိုက်အရင်းလိုက်နားလည်သဘောပေါက်မိသွားကာ ခြေသလုံးပဲဖက်ရဖက်ရ အရိုးသားဆုံးစိတ်ဖြင့် တိုးလျှိုးလိုက်ချင်ပါသည်။

မှားကုန်ပြီ....အားလုံးပြင်မရဆင်မရကို
လွဲချော်သွားခဲ့တာ။ သတ်သေဖို့အတွက် ခေါင်မိုးထပ်ကို တက်သွားတုန်းက Namjoon Hyungသာ အနားမရှိခဲ့ရင် ဘာတွေများဖြစ်သွားမလဲ.။ ခေါင်းတတွင်တွင်ခါမိလိုက်သည်။ မတွေးရဲပါ...။ ကြောက်လွန်းလှပါသည်။

တကယ်များ သေပစ်ခဲ့ရင်တောင်
ခုတင်ပေါ်မှာ လှုပ်မရသည့် အခြေအနေနဲ့တောင် သူ ဟားတိုက်ရယ်ခဲ့မိမလားမသိ။

"Hoseok!! Hyungရောက်ပြီ..."

မျက်နှာချင်းဆိုင်တည့်တည့်တွင်ကားရပ်လာသည့် Seokjinသည် ကားထဲကနေလှမ်းအော်တာမို့ ဆတ်ခနဲခေါင်းထောင်မိကာ ​အပြေးသွား၍ ကားထဲဝင်ထိုင်လိုက်သည်။ မျက်ရည်အလူးလူးဖြင့်သူ့မျက်နှာအား Seokjinက အထူးတဆန်းဖြင့်ငဲ့ကြည့်လာသည်။

"Hey! Min.."  [Completed]Donde viven las historias. Descúbrelo ahora