(11)

825 119 8
                                    


"ငါ့ကို အပျော်ရည်းစားလိုသဘောထားနေတာလား ကောင်လေး..."

ကော်ဖီခွက်ကိုရောသူ့ကိုပါလျစ်လျူရှုကာ
ဖုန်းကိုပဲ မဲနေသည့် Namjoonက
မျက်မှောင်ကုတ်လျက်မော့ကြည့်လာသည်။

"ဘာတွေထဖြစ်နေပြန်တာလဲ Hyungရာ..သတင်းလေး စိတ်ဝင်စားစရာကောင်းလို့ ဖတ်နေတာကို.."

"အဲ့ဒါဆို ငါတို့ Dateမနေတော့ဘူးလေ။ အိမ်ပြန်ပြီးဖုန်းအေးဆေးသုံးနေမလား. ဒီအတိုင်းကြီး ငါနေလို့မရတော့ဘူး။"

"ကျစ်** နေလို့မရတော့ရင်ပြန်ဗျာ..နားအရမ်းညီးတယ်."

ရင်ကိုဓားနှင့်အစိမ်းလိုက်ထိုးခွဲခံလိုက်ရသလိုပါပဲ.။ ကျွန်တော် ရှေ့က ကော်ဖီခွက်ကိုယောင်ရမ်းကိုင်လိုက်မိသည်။ ပန်းချီလှလှလေးတွေဆွဲတတ်သည့် ခပ်ဆိုးဆိုးကောင်ကလေးကို အရင်သဘောကျခဲ့ရတာ ကျွန်တော်၊ အရင်ဖွင့်ပြောမိတာလည်း ကျွန်တော်ဖြစ်ပေမယ့် ပိုချစ်ရသူကတော့ ကျွန်တော်ပါလို့တဖွဖွပြောခဲ့သည့် အကြင်သူဟာ အခုများတော့သူစိမ်းထက်ပိုသည့် ခါးသီးမှုများနှင့် ကျွန်တော့်ကိုဆက်ဆံသည်။

လှိုက်တက်လာသည့်ဝမ်းနည်းမှုကို ထိန်းချုပ်မရပါဘဲ သူ့အား ပြောဆိုမိတော့သည်။

"မင်းက အတ္တကြီးလွန်းတယ် Namjoon..။
အတူတူပဲ  နှစ်ယောက်လုံးပဲ.
ငါကမင်းတို့နှစ်ယောက်ရဲ့အတ္တတွေကြား
အရူးလိုလောင်မြိုက်နေရတာ။
ငါမင်းကိုစိတ်မကုန်မိခင် အချိုးတွေပြောင်းလိုက်တော့."

Typingရိုက်နေသည့် ကျွန်တော့်လက်တွေရပ်တန့်သွားသည်။ မော့ကြည့်မိတော့ Hyungကသလင်းရောင်လဲ့သည့်မျက်ဝန်းများဖြင့် ကျွန်တော့်ကိုကြည့်နေသည်.။
ဒီ​ေလာကဒုက္ခလေးကို ကျွန်တော်မချစ်တာမှ မဟုတ်ဘဲ..။

သို့သော်ငြား နှုတ်ကမူ ရင်တွင်းစကားတွေအတွက်တော့ နေရာမရှိခဲ့။

"ဘာလို့ငိုတာလဲ Hyungကိုရိုက်နှက်နေလို့လား."

"ရိုက်ကြည့်ပါလား မင်းအနားတစ်စက္ကန့်တောင်မနေတော့ဘဲ ထွက်သွားမှာငါက.."

Namjoonသည် သက်ပြင်းချကာ မမြင်ချင်ဆုံးမျက်ရည်တွေကို သုတ်ပေးရန်လက်လှမ်းတော့ Seokjinကအထိမခံဘဲ လက်ကိုပုတ်ထုတ်ပစ်သည်။

"Hey! Min.."  [Completed]Where stories live. Discover now