(21)

818 110 42
                                    


"ဘာလဲ...မင်းကလူမိုက်လား ရုပ်ကိုက.."

မနက်အစောကြီးထလာလျက်
ခြံဝန်းထဲက မြက်ခင်းပြင်မှာ ခွေးတစ်ကောင်နဲ့ရန်ဖြစ်နေသည့် Hoseokကို ခြံအလုပ်သမားတချို့က အပင်ရေလောင်းနေရင်းခိုးခိုးကြည့်နေမိသည်.။ မနက်ခင်းနေရောင်ခြည်နုနုမှာ လေပြေခပ်အေးအေးလေးတိုက်ခတ်နေပြီး အဖြူရောင်တီရှပ်အကြီးကြီးဖြင့်Seokဟာ နုနုဖတ်ဖတ်အသွင်အနေအထားလေးတွင် သူ့ဟာနဲ့သူတော့ တော်တော်လေးဆွဲဆောင်မှုရှိနေသည်.။ ဒါ​ေတာင်အိမ်နေရင်းအဝတ်အစားပွပွတွေနဲ့ ရိုးရိုးလွင်လွင်လေးပါ.။

"အကိုလေး...မနက်စာစားတော့မလား..."

အရဲစွန့်ကာမေးလာသည့်အိမ်ဖော်ကောင်မလေးကြောင့် ခွေးလေးကိုစနေသည့်လက်တွေရပ်တန့်ကာ မော့ကြည့်လိုက်သည်.။

"ဟင့်အင်း...ငါမနက်စာ စားလေ့မရှိဘူး.."

"ဟို...သခင်လေးကခေါ်ခိုင်းလိုက်တာပါ..။ အခု သူမနက်စာဝိုင်းမှာ.ရှိနေပါတယ်...ပါအောင်ခေါ်ခဲ့ဆိုလို့.."

"မလာတော့ ဘာလုပ်ချင်လဲလို့သွားမေးလိုက်..."

"ရှင်!! အဲ့လိုကြီးတော့သခင်လေးကို..ကျွန်မတို့မပြောရဲ...."

"ကျစ်! နေ နေ..မပြောရဲမှန်းသိတယ်.။ ငါကမလာဘူးလို့သာပြန်ပြောလိုက်တော့.."

"ဟုတ်ကဲ့ အကိုလေး..."

ကောင်မလေးလှည့်ထွက်သွားတော့ Hoseokကနှာခေါင်းရှုံ့သည်.။ လူကိုများဘာမှတ်နေလို့ သူ့မိန်းမ လို တင်တင်စီးစီး အမိန့်ကြီးနဲ့ အာဏာကြီးနဲ့....။ ပါအောင်တောင်ခေါ်ခဲ့ဆိုပဲ.။

ထိုင်နေပုံသည် အနောက်ကို လက်ပြန်ထောက်ကာ ဒူးနှစ်ဖက်ကိုထောင်ထားတော့
Hoseokခန္ဓာကိုယ်ကွေးကွေးလေးကမြက်ခင်းပြင်ကျယ်ကြီးထဲမှာ
သေးသေးပိစိလေးဖြစ်နေသည်။ နေကလည်း ထိုး၊ ဖိနပ်ကလည်းမစီးထားတော့ ဝင်းဝါနေသည့် ခြေချင်းဝတ်နေရာပေါ်မှာ အနက်ရောင်ကြိုးလေးက ထင်းလို့..။

တစ်ချက်စိုက်ကြည့်ပြီး စိတ်ညည်းညူစွာ တောက်ခေါက်ပစ်လိုက်သည်.။ ညတည်းက ဆန့်ကျင်ပြီး ဖြုတ်ချင်နေတယ်...ဖြည်ချင်နေတယ်...။ ဒါကို ဘာမှမဟုတ်တဲ့ ခြေဖမိုးပေါ်က အနမ်းလေးတစ်ချက်နဲ့တင် စိတ်ငြိမ်ဆေးတွေပါထသောက်ခဲ့ရပြီး ရှက်စရာကောင်းသည့်သရုပ်ပျက်မှုတွေမှာ ငိုယိုပြီးအိပ်ပျော်သွားခဲ့ရသည်.။ အခုရောဖြည်ချင်လားဆိုရင် စိတ်ကတော့ အင်း.။ လက်တွေကတော့တုပ်တုပ်တောင်မလှုပ်.။

"Hey! Min.."  [Completed]Donde viven las historias. Descúbrelo ahora