Story Description

24.6K 879 21
                                    

ယွမ်ချိုးချိုးဟာ "ရှေးခေတ်၏သာယာဖွယ်အချိန်လေးများ : နတ်ဆိုးဘုရင်ခင်ပွန်းရေ ကျေးဇူးပြု၍ ကျွန်တော်မျိုးမကို အပြစ်ပေးပါ"ဆိုသည့် ဝတ္ထုထဲက သူမနှင့် နာမည်တူသော အမြောက်စာဇာတ်ကောင်‌ဆီကို ဝိညာဉ်ကူးပြောင်းသွားခဲ့သည်။

အခုအချိန်မှာဖြင့် သူမရှေ့မှာ ရွေးချယ်စရာ ကဏ္ဍနှစ်ရပ်ရှိနေလေသည်။

ရွေးချယ်နိုင်သည့်အခွင့်အရေး ၁ : အရန်အမျိုးသမီးဇာတ်ကောင်နေရာတွင်ပဲ ဆက်နေမည်။ အမျိုးသမီးဇာတ်ကောင်ထံမှ အကြိမ်အချို့ ရိုက်ချခံရပြီးသည့်နောက်တော့ သားရဲဒီရေဖြစ်စဥ်အတွင်း၌ ဝမ်းနည်းကြေကွဲဖွယ် သေဆုံးရလိမ့်မည်။
(သားရဲဒီရေဖြစ်စဉ် englishလို beast tideပါ ဘယ်လိုခေါ်လဲ သေချာမသိလို့ သားရဲဒီရေလို့ပဲ တိုက်ရိုက်ခေါ်လိုက်ပါတယ်။
သားရဲဒီရေဖြစ်စဉ်က မှော်သားရဲ အရေအတွက် အရမ်းကိုမြင့်မားလာတဲ့အခါမှာ ‌ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုပါတဲ့။ မှော်သားရဲအရေအတွက် အရမ်းများလာတဲ့အတွက် သူတို့တွေရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ လူသားတွေရဲ့ နယ်မြေကို ကျူးကျော်လာကြတာပါ။ မှော်သားရဲအုပ်စု အလုံးအရင်းကြီးလိုက် လူသားတွေနေထိုင်တဲ့ နေရာကို ဝင်ရောက်လာကြပြီး အကြမ်းဖက်တိုက်ခိုက်ကြပါတယ်။ နယ်မြေလုတဲ့သဘောပါ။ ဒါပေမယ့် ဒီဝတ္ထုမှာကျ လူသားတွေကအားနည်းပြီး သားရဲကကြီးစိုးတဲ့ကမ္ဘာဆိုတော့ သားရဲအချင်းချင်းပေါ့။)

ရွေးချယ်နိုင်သည့်အခွင့်အရေး ၂ : မျိုးနွယ်စု ဆားလုံလောက်မှုရရှိရေးအတွက် မျက်လုံးမမြင် ၊ ပုံပျက်ပုံပန်းပျက် ၊ မသန်စွမ်းဖြစ်နေရုံသာမက စရိုက်အမူအကျင့်ဆိုင်ရာပြဿနာများရှိနေသည့် ရက်စက်ကြမ်းကြုတ်လှသော ဝံပုလွေနတ်ဆိုးဖြစ်သည့် ဝံပုလွေမျိုးနွယ်စု၏ အကြီးအကဲဟောင်းဖြစ်သူနှင့် လက်ထပ်ရမှာပဲ ဖြစ်သည်။

ယွမ်ချိုးချိုးသည် တွန့်ဆုတ်ခြင်းမရှိ ဒုတိယတစ်ခုကို ရွေးချယ်ခဲ့လေသည်။ သူမဟာ အမျိုးသားတစ်ချို့အတွက် အမျိုးသမီးဇာတ်လိုက်နှင့် ပြိုင်ဆိုင်နေမည့်အစား ငြိမ်းချမ်းပြီး လွတ်လပ်သော ဘဝမျိုးမှာသာ နေထိုင်လိုသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now