Chapter - 29 ရွမ်းကျောင်နိုးနေပြီ

3.8K 566 36
                                    

Clickဖို့မ‌မေ့ကြပါနဲ့နော်🤍

Title - ရွမ်းကျောင်နိုးနေပြီ

ကျောက်စားပွဲပေါ်က ရေနွေးလေးအားကြည့်ရင်း ယွမ်ချိုးချိုး၏မျက်လုံးများမှာ နီရဲသွားရ၏။

သူမ ဥကြီးအား ကျောက်စားပွဲတင်လိုက်ပြီး သစ်သားပန်းကန်လုံးအားယူရန် လက်ကိုခါကာ တစ်ငုံသောက်လိုက်၏။

ရေသည် အနည်းငယ်အေးလုနီးပါးဖြစ်နေပြီဖြစ်သော်လည်း ယွမ်ချိုးချိုးမှာ သူမ၏နှလုံးသားထဲတွင် ပို၍နေလို့ကောင်းသွားပါ၏။

မစ္စတာဝံပုလွေဆိုးကြီး၏ကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များ ထပ်မံထကြွမလာတော့ပုံပင်။ သူ့တွင် မီးခိုးဖျော့ရောင်ဝံပုလွေကြီးSlowpokeဖြစ်ရန် ခွန်အားပင် ကျန်နေသေးလေ၏။ သူ နေပိုကောင်းလာလောက်ပြီဖြစ်မည်။

ယွမ်ချိုးချိုး ကျောက်ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည့် ဝံပုလွေကိုကြည့်လိုက်သည်။ သူ၏မျက်ခုံးများကား ကိုင်းညွတ်ကျနေ၏ "ကျေးဇူးပါ မီးခိုးရောင်ဝံပုလွေကြီး မစ္စတာSlowpoke"

ဝံပုလွေနိုးနေသလားဆိုသည်ကို သိချင်သောကြောင့် သူမ အဝေးသို့အကြည့်မလွှဲပါပေ။ သို့သော်ငြား ဤတစ်ကြိမ်တွင် သူ၏အမြီးသည် တုန်ခါမနေသော်လည်း သူ၏ချွန်မြမြနားရွက်ကလေးများကမူ နာကျင်မှုကြောင့် ကုပ်ကျသွားလိုက် ထောင်လာလိုက် ဖြစ်နေလေသည်။

သူမ (သူ)ဂရုမပြုမိစေရန် တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး ရေနွေးပန်းကန်ယူကာ တစ်ငုံလောက်ထပ်သောက်ရန် ပြန်လှည့်သွားတော့၏။

ခပ်နွေးနွေးရေသည် သူမ၏အေးစက်နေသည့် နှုတ်ခမ်းများမှတစ်ဆင့် ရှုံ့ကပ်နေသောအစာအိမ်အထိ   လမ်းကြောင်းတစ်လျှောက် စီးဆင်းသွားသည်။ ယွမ်ချိုးချိုးတုန်ရီသွားပြီ နောက်ဆုံးတွင် အသက်ရှင်သွားသလို ခံစားလိုက်ရ၏။

သူမ အလျင်မလိုပါပေ။ ကျောက်ခုံတန်းရှည်ပေါ်တွင်ထိုင် ၊ ရေနွေးကို ဖြည်းဖြည်းချင်းသောက်ရင်း သူမ၏စိတ်ထဲတွင် နောက်ဘာဆက်လုပ်ရန် အစီအစဉ်ချနေ၏—

အစားအစာနှင့်ထင်းသည် အသင့်အတင့်သာသုံးမည်ဆိုလျှင် ခုနစ်ရက် ရှစ်ရက် ခံလိမ့်ဦးမည် ၊ သို့သော်ငြား ဆေးပင်များကမူ အရေးတကြီးလိုအပ်နေလေ၏။ သူမတို့အား ပြဿနာရှာမည့် မကောင်းဆိုးဝါးများနှင့်သားရဲများ ရှိနိုင်သလားဆိုသည်ကို သတိပြုရန်လည်း လိုအပ်သေး၏....

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now