Chapter-27 ဝံပုလွေ၏အမြီးအားထိခြင်း

3.9K 553 28
                                    

Title - ဝံပုလွေ၏အမြီးအားထိခြင်း

သူ သူ၏အမျိုးသမီးလေးအား မကြာမီတွင် ဆုံးရှုံးရတော့မည်ဖြစ်၏။

ဆုံးရှုံးလိုက်ရတော့မည်။

အဘယ်ကြောင့် သူ ဤစကားလုံးအား အသုံးပြုလိုက်သည်ကို မစ္စတာဝံပုလွေဆိုးကြီး မသိပါပေ။

သို့သော် ဤဖြစ်နိုင်ခြေအား စဉ်းစားမိရုံဖြင့် သူသည် တောင့်တင်း ၊ စိတ်ပျက်ကာ အသက်ရှူရပ်သွားတော့မလိုပင်။

သူ၏နတ်ဆိုးအသိစိတ်သည် ကုန်ဆုံးသွားပြီး မှုန်ဝါးဝါးကားချပ်လေးသည် ယွမ်ချိုးချိုး၏ စဉ်းစားနေသော အမူအယာပေါ်တွင် မြဲမြဲမြံမြံ ရပ်တန့်သွား၏။ ရွမ်းကျောင်သည် သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး ကမ္ဘာကြီးမှာ အမှောင်ထုထဲသို့ ထပ်မံကျရောက်သွားရ၏။

သူ ယခုအချိန်တွင် မည်သည်လုပ်သင့်သည် သို့မဟုတ် အမှန်တရားကို ရှာဖွေတွေ့ရှိသွားပြီးနောက် ယွမ်ချိုးချိုး မည်ကဲ့သို့လုပ်မည်ကို သူ,မသိပါချေ။

မစ္စတာအရန်အစားအစာ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ယွမ်ချိုးချိုး၏ အကဲဖြတ်စစ်ဆေးမှုကို ငြိမ်သက်တောင့်တင်းစွာစောင့်နေရင်း ကြီးမားလှသည့် ထိတ်လန့်မှုကြီးထဲသို့ ကျရောက်သွားတော့၏။ 


ဂူပေါက်ဝတွင်ရှိနေသော ယွမ်ချိုးချိုးမှာလည်း အလွန်ကိုစိုးရိမ်နေလေသည်။ သို့သော် သူမသည် မိုယွီအား ဆက်လက်လှုပ်ယမ်းနေခဲ့ပြီး တစ်နေရာရာနေမကောင်း၍လားဆိုသည်ကို မေးမြန်းနေလေသည်။

နှစ်စက္ကန့် သုံးစက္ကန့်လောက် ခဏတာ ထိတ်လန့်သွားပြီးနောက် ယွမ်ချိုးချိုးသည် မိုယွီကို မြေကြီးပေါ်သို့ အလျားလိုက် လဲလျောင်းစေလိုက်သည်။ ထို့နောက် ကုသနိုင်စွမ်းရေတစ်ဝက်ရှိသေးသည့် ခွက်ကလေးကို ယူလိုက်ပြီး မိုယွီ၏ပါးစပ်ကိုဖွင့်ဟကာ တိုက်လိုက်သည်။

ကုသနိုင်စွမ်းရေတစ်ဝက်ကို အကုန်သောက်ပြီးသွားသောအခါ မိုယွီသည် သွေးများချောင်းဆိုးနေခြင်း တဖြည်းဖြည်းရပ်တန့်သွားပြီး သူ၏မျက်နှာမှာလည်း အနည်းငယ် သွေးရောင်သမ်းလာလေသည်။ သို့သော်လည်း သတိမေ့နေဆဲပင်ဖြစ်၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now