Chapter-97 ကန့်သတ်တောင်

743 81 0
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - ကန့်သတ်တောင်

"အနောက်တောင်ရဲ့ ကန့်သတ်နယ်မြေကိုဝင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေထဲကတစ်ခု?" ယွမ်ချိုးချိုး အကြီးအကဲဘိုးဘိုး ပြောသွားသည့်စကားအား ရေရွတ်လိုက်ပြီး သူမ၏စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်သန်းသွားကုန်၏။

"အင်း" ရှောင်ကျင့်ဟန်သည် သူ၏ရှေ့ရှိနံရံပေါ်က သစ်သားသက်ေတ အတန်းလိုက်အားကြည့်ရင်း တုံ့ပြန်၏ "ကလေးမချိုးချိုး ၊ ဘိုးဘိုးတို့မျိုးနွယ်စုရဲ့ အနောက်တောင်က ဘာကြောင့်ဝိညာဉ်စွမ်းအင်တွေ အများကြီးရှိနေရသလဲဆိုတာ မင်းမသိချင်ဘူးလား?" 

ပန်ဒါဘိုးဘိုးသည် သက်ပြင်းချလိုက်၏။ သူ၏မျက်လုံးများသည် အနည်းငယ်ဝမ်းနည်းနေဆဲဖြစ်သော်လည်း သူသည် ထိန်းချုပ်နိုင်စွမ်းပင် လွတ်ထွက်သွားရလောက်သည့် စိတ်လှုပ်ရှားမှုမှ ပြန်လည်သက်သာသွားပြီဖြစ်ကာ သူ၏အမူအယာမှာလည်း တဖြည်းဖြည်းနူးညံ့လာ၏။

သူ ယွမ်ချိုးချိုးနှင့်ရွမ်းကျောင်အား ကြင်နာစွာကြည့်ကာ သူ၏မျက်နှာထက်တွင် အတိတ်အားပြန်ပြောင်းအောက်မေ့မှုတို့ ပေါ်လွင်နေ၏ "ဘိုးဘိုးတို့ ဆောင်းဝက်ဝံမျိုးနွယ်စုဆိုတာ ဟိုရှေးကတည်းက အနောက်တောင်ကိုကာကွယ်ဖို့ မွေးဖွားလာကြတာ"

"တိတိကျကျပြောရရင် ဘိုးဘိုးတို့အနောက်တောင်ကို အနောက်တောင်လို့ ခေါ်ရမှာမဟုတ်ဘူး။ ကန့်သတ်တောင်လို့ခေါ်ရမှာ"

"အဲ့ဒါကို ကန့်သတ်တောင်လို့ ခေါ်ရတဲ့အကြောင်းအရင်းက မကောင်းဆိုးဝါးတွေနဲ့ ပြည့်နေပေမယ့် အခွင့်အလမ်းတွေ ရတနာတွေနဲ့လည်း ပြည့်နေတဲ့ ထူးခြားဆန်းကြယ်ကန့်သတ်တောင်ဆီ သွားတဲ့‌နေရာနဲ့ ဆက်သွယ်ထားတဲ့ မှော်စက်ဝန်းတစ်ခု အနောက်တောင်ထဲမှာ ရှိနေလို့ပဲ"

ပန်ဒါဘိုးဘိုးသည် အလွန်အံ့ဩသွားပုံမရသည့် မစ္စတာဝံပုလွေအား တစ်ချက်ကြည့်လိုက်၏။ သူပြုံးလေသည် "ဝံပုလွေပေါက်ရဲ့ အမူအယာကိုကြည့်ရတာ လွန်ခဲ့တဲ့တစ်ရက် နှစ်ရက်လောက်က မင်း အနောက်တောင်ကို စူးစမ်းလေ့လာပြီးသွားတဲ့ပုံပဲ?"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now