Clickဖို့မမေ့ကြပါနဲ့ရှင့်
Title - ဘောင်းဘီနှင့်မစ္စတာဝံပုလွေဆိုးကြီး
ယွမ်ချိုးချိုး စကားပြောပြီးနောက် ကောင်လေးသည် သူ၏ခေါင်းအား အပြင်းအထန် ခါယမ်းနေသည်ကို မြင်ရ၏ "ကျွန်တော်က ဂရုမစိုက်မိတာပါ ၊ အစ်မချိုးချိုးကို အပြစ်မတင်ပါဘူး"
မိုယွီသည် သူ၏အရိုးချောင်းအား တင်းတင်းဆုပ်ထားပြီး ယွမ်ချိုးချိုးအား ကြည့်လာ၏ "မနေ့တုန်းက ကျွန်တော့်ကို ပြန်ပို့ပေးတာ ကျေးဇူးတင်ပါတယ်"
ယွမ်ချိုးချိုး ပြုံးလိုက်သည် "အစ်မ ပေါ့ပေါ့ဆဆနဲ့ အစ်မယောက်ျားခြုံထားတဲ့ တိရစ္ဆာန်အရေခွံနဲ့ မင်းကိုခြုံပေးလိုက်မိတယ်လေ ၊ အစ်မက မင်းကို ပြန်မပို့ပေးဘူးဆိုရင် တရားလွန်ရာ ကျသွားတော့မှာပေါ့ မဟုတ်ဘူးလား?"
မစ္စတာဝံပုလွေနတ်ဆိုးအကြောင်း သူမ,ပြောသည်ကို ကြားရသောအခါ မိုယွီ၏မျက်နှာသည် မသိမသာပြောင်းလဲသွားလေ၏။ သူသည် အနည်းငယ်ကြောက်နေသေးပြီး အချို့စကားမှာ အပြောသက်သက်ပါပင် "အစ်မချိုးချိုး....."
သူမ အဘယ်ကြောင့် အဆင်ပြေနေသည်ကို သူမေးလာတော့မည်မှန်း သူမ,သဘောပေါက်လိုက်၏။ သို့သော်ငြား ၎င်းမှာ ရှင်းပြရန် အနည်းငယ်ရှုပ်ထွေးလေသည်။ ယွမ်ချိုးချိုး ဤအကြောင်းအရာအား ကျော်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို မတ်လိုက်ကာ မိုယွီ၏စကားလုံးများကို ကြားဝင်ဖြတ်လိုက်၏ "ကောင်းပြီ ရှောင်ယွီ သိပ်မစောတော့ဘူး အစ်မကို ဆေးပင်တွေရှာဖို့ ခေါ်သွားပေးမယ်မလား?"
မိုယွီသည် အလွန်ဉာဏ်ကောင်း၏။ သူသည် သူမအား ထပ်မမေးတော့ဘဲ တွန့်ဆုတ်မှုမရှိ ခေါင်းငြိမ့်ပြလေသည်။
ယနေ့လာရခြင်း၏ သူ၏ရည်ရွယ်ချက်မှာ ယွမ်ချိုးချိုးနှင့်အတူ ဆေးပင်များရှာရန်ဆိုသည်ကို သူ,မမေ့ပါချေ။
------
နှစ်ယောက်သားသည် မစ္စတာဝံပုလွေဆိုးကြီး၏ဂူမှ ထွက်ခွာသွားပြီးနောက် တောအုပ်အတွင်းသို့ လျှောက်ဝင်သွားကြတော့၏။
မိုယွီက လမ်းကိုဦးဆောင်လျက် ယွမ်ချိုးချိုးကမူ ပေါ်လာနိုင်သည့် သားရဲများကိုစောင့်ကြပ်ရန် လှံတံကို ကိုင်ထား၏။
YOU ARE READING
နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]
Romance»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest