Clickဖို့မမေ့ကြပါနဲ့ရှင်❤️
Title - ပထမအကြိမ်အဖြစ် မျက်လုံးကန်းနေခြင်းမှာဆိုးဝါးလှသည်ဟု မစ္စတာဝံပုလွေခံစားမိသည်
ယွမ်ချိုးချိုး မစ္စတာဝံပုလွေဆိုးအား လမ်းတစ်လျှောက်ဆွဲခေါ်ရင်း ဝံပုလွေ၏ ရှည်လျားလှသည့်ဂူထဲသို့ ဝင်သွားလိုက်သည်။
အတော်ကိုဆိုးဝါးလှသည့် အနံ့အသက်များမှာ သွေးနံ့များနှင့်ရောနှောနေသည်။ ယွမ်ချိုးချိုး မျက်မှောင်ကြုတ်မိလိုက်သည်။ သူမနှာသီးဝတွင် ပျံ့နှံ့နေသောပုပ်အက်အက်အနံ့အား တောင့်ခံကာ ဖြည်းဖြည်းချင်း အသက်ရှူသွင်းလိုက်သည်။
သူမထက်အရပ်ရှည်သည့် မစ္စတာဝံပုလွေအားထိန်းထားနိုင်ရန် သူမအတော်ပင်ကြိုးစားနေရသည်။ သူသည်သတိလစ်နေသောကြောင့် သူ၏ကျောရိုးမှာ ကိုင်းကျနေသည်။ သူတို့ဂူထဲသို့ မြန်နိုင်သမျှမြန်မြန် ဝင်လာလိုက်ကြသည်။
သူ၏ဒဏ်ရာမှာ အလွန်ကိုဆိုးရွားနေသောကြောင့် အပြင်တွင်ဆက်နေရန် မဖြစ်နိုင်ပေ။ သူ့အားအိပ်ယာပေါ်တွင် လဲလျောင်းစေပြီး သူ၏ဒဏ်ရာများကို ကုသရန် ရေပူတည်ခြင်းက ပိုကောင်းပေမည်။
ယွမ်ချိုးချိုးဂူအဝင်ပေါက်မှ အလင်းရောင်ရှိရာသို့ လိုက်လာပြီး ရှာဖွေနေရင်း ခလုတ်ပင်တိုက်မိသွားသည်။
ကျောက်ခုတင် ၊ ကျောက်ခုတင် ၊ ကျောက်ခုတင်ဘယ်မှာလဲ?
သူမတို့ဂူအတွင်းသို့ရောက်လာလေ ပိုမှောင်လာလေဖြစ်သည်။ သူမထောင့်တစ်နေရာသို့လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကျောက်ခုတင်အား ယွမ်ချိုးချိုး ရှာတွေ့သွားလေသည်။
ကြီးမားလှသည့်ကျောက်ခုတင်ပေါ်တွင် ဘာမျှရှိမနေချေ။ အကယ်၍သင်သာ ဒီအတိုင်းလှဲအိပ်လိုက်မည်ဆိုပါက မြေပြင်ပေါ်တွင်အိပ်နေရခြင်းနှင့် ဘာမျှကွာခြားမည်မဟုတ်ပါပေ။
ယခုမူ မစ္စတာဝံပုလွေဆိုကြီးမှာ အလွန်ကိုညစ်ပတ်နေပြီး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်။ သူမခုတင်ပေါ်သို့ တစ်စုံတစ်ခုအားထားလိုက်ပါက ထိုဟာသည်လည်း ညစ်ပတ်သွားလိမ့်မည်။
YOU ARE READING
နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]
Romance»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest