Chapter-34 မစ္စတာဝံပုလွေ၏ပုံဆွဲစွမ်းရည်

3.4K 536 37
                                    

Title - မစ္စတာဝံပုလွေ၏ပုံဆွဲစွမ်းရည်

အမျိုးသမီးလေး သူ့အတွက်ချုပ်ပေးထားသည့် ဘောင်းဘီရှည်များမှာ မူမမှန်ဟုခံစားရသော်ငြားလည်း မစ္စတာဝံပုလွေSlowpokeသည် ခပ်ရှက်ရှက်ဖြင့်ပင် ဝတ်ဆင်လိုက်ပါသည်။

သူ၏ဘယ်ခြေထောက်ကိုဆုံးရှုံးထားသောကြောင့် သူ့တွင်ရှိသည့် အားနည်းသောမှော်စွမ်းအင်မှာ မတ်တတ်ရပ်၍လမ်းလျှောက်နိုင်ရုံ အထောက်အကူပြုနိုင်သော်လည်း နာကျင်မှုကိုတော့လျော့ပါးမသွားစေပေ။ ရွမ်းကျောင်သည် အတော်ကြီးကိုခက်ခက်ခဲခဲဖြင့် ဘောင်းဘီရှည်ကို ဝတ်ဆင်လိုက်ရ၏။ 

ကြည်လင်ကာသန့်ရှင်းနေသည့် ချွေးများသည် သူ၏နဖူးမှ စီးဆင်းလာလျက် သူ၏နားထင်စပ်မှတွဲလွဲကျနေသော နက်မှောင်သောဆံပင်ရှည်များကို စိုစွတ်သွားစေ၏။

သူ၏တုန်ရီနေပါသည့် လက်ချောင်းလေးများမှာ တိရစ္ဆာန်အရေခွံဘောင်းဘီရှည်၏အရှေ့ရှိ ထူးထူးခြားခြားပုံစံချုပ်ထားသည့် ကြိုးများဖြင့် စမ်းတဝါးဝါးစမ်းနေ‌လေ၏။ သူ၏နားရွက်များမှာ အလွန်ကို ပူလောင်နေသည်။ သူမည်သည်ကို စဉ်းစားနေမိမှန်းကိုပင် မသိတော့ပါပေ။ ဝံပုလွေတစ်ကိုယ်လုံးမှာ အလွန်ကိုနီရဲနေတော့၏။

ယွမ်ချိုးချိုး သူ့အတွက်ချုပ်ပေးထားသည့် ဘောင်းဘီရှည်များမှာ အနည်းငယ်တိုနေပြီး သူ၏ခြေကျင်းဝတ်တစ်ဖက်ကို လှစ်ဟနေလေ၏။

အခြားခြေထောက်တစ်ဖက်ရှိ ဘောင်းဘီရှည်သည်မှာတော့ ဒူးအောက်ပိုင်းတွင် အလွန်ကိုချပ်ကပ်နေ၏။ ပြတ်တောင်းပြတ်တောင်းနာကျင်မှုမှလွဲ၍ ဗလာသက်သက်ပါပင်။

ဘာဆိုဘာမျှမရှိပါချေ။

သို့သော် သူသည်ကား မည်သည်ကိုမျှ ခံစားရပုံမပေါ်။ သူ သူ့ဘောင်းဘီရှည်၏အဖျားများကိုသာ ညင်သာစွာဆွဲလိုက်ပြီး သူ၏နှုတ်ခတ်ထောင့်စွန်းလေးများကို ကွေးညွတ်လိုက်၏။ အာရုံစူးစိုက်မှုမရှိပါသည့် သူ၏မျက်လုံးများဖြင့် အပြုံးများဖြင့် ပြည့်နှက်နေ၏။သူ နှာမှုတ်လိုက်သည် "အတော်တိုတာပဲ" 

သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားသိပ်မကျန်တော့ပေ။ ထို့ပြင် လှုပ်ရှားရန်မှာ အချိန်အကန့်အသတ်နှင့်ဖြစ်သည်။ အဝတ်အစားများဝတ်ဆင်ပြီးနောက် မစ္စတာဝံပုလွေသည် နှင်းအနည်းငယ်စုလိုက်ပြီး နတ်ဆိုးအသိစိတ်ဖြင့် သိုလှောင်ခန်းကို စစ်ဆေးလိုက်၏။ အိမ်တွင် ထင်းသိပ်မကျန်တော့သည်ကို သူတွေ့သောအခါ သူ သူ၏မျက်တောင်များကို အသာအယာခတ်လိုက်ပြီး သူ၏နှလုံးသားထဲတွင် တစ်စုံတစ်ခုကို အစီအစဉ်ဆွဲလိုက်၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now