Chapter-20 မစ္စတာဝံပုလွေဆိုးကြီးရေခဲရိုက်ဝံပုလွေဖြစ်တော့မလို့

3.8K 558 22
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title-မစ္စဝာာဝံပုလွေဆိုးကြီးရေခဲရိုက်ဝံပုလွေဖြစ်တော့မလို့

လေနှင့်နှင်းက သူမ၏အမြင်အာရုံကို ဝေဝါးသွားစေသည်။ ယွမ်ချိုးချိုးသည် အရိုးဓားအားကိုင်ထားရင်း လက်ကိုမြှောက်လိုက်ပြီး နှင်းချပ်များကို သူမ၏မျက်လုံးအဝေးသို့ သပ်ချလိုက်သည်။ 

သူမ ရှေ့သို့ခြေနှစ်လှမ်းလျှောက်ပြီး ငုံ့ချလိုက်သည်။

သူမ၏မီးတုတ်မှ အလင်းရောင်နီးကပ်လာသည်နှင့် သူမ မစ္စတာဝံပုလွေဆိုးကြီးအား မြင်ရလေပြီ။ 

သူသည် နှင်းများဖြင့်ဖုံးလွှမ်းနေလျက် ပင်စည်အားမှီရင်း ထင်းရှူးပင်အောက်တွင် ထိုင်နေ၏။ 

သူမ ပို၍နီးနီးကပ်ကပ် ကိုင်းချလိုက်သောအခါ သူ၏မျက်တောင်ရှည်များပေါ်မှ ရေခဲများသည် နွေးထွေးသည့်မီးတောက်လေးကြောင့် အရည်ပျော်သွားပြီး ရေစက်အဖြစ်ပြောင်းလဲသွားကာ မျက်လုံးထောင့်စွန်းမှ လျှောဆင်းသွားလေ၏။ 

သန့်ရှင်းနေသောရေစက်များသည် အဆိပ်ကြောင့်တိုက်စားခံနေရသော သူ၏မျက်နှာပေါ်ရှိ များပြားလှသောဒဏ်ရာများကို ဖြတ်သန်းစီးဆင်းသွားသည်။ ထူထပ်များပြားသော အနက်ရောင်အဖုလုံးများနောက်လိုက်ရင်း အနက်ရောင်သွေးအဖြစ်သို့ ပြောင်းလဲသွားကြ၏။ 

မစ္စတာဝံပုလွေ၏ဦးခေါင်းသည် နူးညံ့သောနားရွက်တစ်စုံနှင့် ငိုက်ကျနေသည်။ ထိပ်ပိုင်းမှာလည်း တူညီသောအဆိပ်ကြောင့်ပင် တိုက်စားခံထားရကာ တုံးတိကြီးနှင့် အရုပ်ဆိုးသွားတော့ချေသည်။

သူ မိုက်မဲလိမ့်မည်ဟု သူမ,မထင်မိခဲ့ချေ။ ဤမျှသိပ်သည်းနေသောနှင်းများထဲတွင်ပင် သူသည် လူသားပုံစံကို ထိန်းသိမ်းထားသေးသည်။ 

မစ္စတာဝံပုလွေကြီးသည်  လက်သည်းချွန်သဏ္ဌာန် ပစ္စည်းတစ်ခုအား သူ၏အေးခဲကာ ခရမ်းပုပ်ရောင်ဖြစ်နေသောလက်ဖဝါးဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ယွမ်ချိုးချိုး ထိုဟာအား အကြည့်တစ်ချက်နှင့်ပင် သတိပြုမိသွားသည်။ ၎င်းမှာ သူမစောစောကမြင်ခဲ့သည့် မကောင်းဆိုးဝါးအမြီး၏ အချွန်ထက်ဆုံးအပိုင်းဖြစ်သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now