Chapter-104

558 61 4
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

ယွမ်ချိုးချိုး၏လက်တို့မှာ တုန်ရီနေ၏။ သူမ သူမကိုယ်သူမ စိတ်ငြိမ်ငြိမ်ထားရန် အလျင်အမြန်တွန်းအားပေးလိုက်ပြီး ချင်းရူရီ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအား ကုသပေးရန် အချိန်ယူလိုက်၏။ 

သို့သော် သူမ ကုသနိုင်စွမ်းရေစက်တို့အစား ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်ပို့ပေးရန် ကြိုးစားလိုက်သည့်အချိန်တွင် ထူးဆန်းသည့်တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့၏။  

မူလကအသက်မရှိသည့် အရာအစုအပြုံလိုက်ကြီးကဲ့သို့ ထိုအကြောင်းများသည် ဝိညာဉ်စွမ်းအင်နှင့် ထိတွေ့မိသွားကြသည့်အချိန်တွင် အသက်ဝင်လာသကဲ့သို့ ယင်းတို့သည် အနက်ရောင်ဖျော့ဖျော့မှ ချက်ချင်းပင် အရောင်တောက်သွားရင်း ဝိညာဉ်စွမ်းအင်အား ပိုမိုစုပ်ယူရန် တွန့်လိမ်လာကြ၏။ 

"အား!" မိုးမခသစ်ရွက်များကဲ့သို့အကြောင်းကြောင်းများ တွန့်ကွေးသွားကုန်ကြသည်နှင့် မေ့မြောနေသောချင်းရူရီသည်လည်း နာကျင်နေသည့်အသံတစ်ခု ပြုလုပ်လာခဲ့၏။ 

တစ်ချိန်တည်းမှာပင် သူမ၏နှလုံးအနီးရှိ နတ်ဆိုးကူသည် အလွန်ကိုစိတ်လှုပ်ရှားလာကာ ပိုမိုကြောက်စရာကောင်းစွာ ခုန်ပေါက်လာခဲ့သည်။ 

ယွမ်ချိုးချိုး ဝိညာဉ်စွမ်းအင်ပို့ပေးနေခြင်းကို ချက်ချင်းမရပ်လိုက်နိုင်ဘဲ လူတစ်ကိုယ်လုံးမှာ ရှေ့သို့ရွှေ့ရန် ဆွဲယူခံလိုက်ရပြီး လက်ဖဝါးတစ်ဖက်လုံးသည် ချင်းရူရီ၏လက်မောင်းနှင့် ကပ်လုနီးပါးပင် ဖြစ်နေတော့၏။ 

ယွမ်ချိုးချိုး နဖူးထက်တွင် ချွေးအေးများထွက်လာပြီး ရွမ်းကျောင်၏ နက်မှောင်သောမျက်ခုံးတို့သည် ကျုံ့သွားကြတော့၏။ သူရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ့ဇနီးလေး၏လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားလိုက်သည်။ 

"မကြောက်ပါနဲ့" ခပ်နိမ့်နိမ့်အသံသည် နား၏ဘေးတစ်ဖက်တွင် ပဲ့ထပ်တင်လာပြီး သူမ၏ကျောပြင်မှာ နွေးထွေးကာရင်းနှီးသည့် ရင်အုံတစ်ခုနှင့် ထိကပ်သွား၏။ ယွမ်ချိုးချိုး၏နှလုံးသားမှာ အနည်းငယ်လှုပ်ရှားသွားရပြီး သူမ အရာအားလုံးကို မစ္စတာဝံပုလွေဆိုးကြီးထံ ပုံအပ်လိုက်တော့၏။ 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now