Clickဖို့မမေ့ကြပါနဲ့ရှင့်
Title - ငါတို့ကကျောက်ကုတင်တစ်ခုတည်းမှာ အိပ်ပြီးသွားပြီ
"အဟွတ် အဟွတ်"
မှောင်မိုက်နေသောကမ္ဘာတွင် သူနှင့်မီတာဝက်ပင်မဝေးသည့်နေရာမှ သူမ၏အသံအား ရုတ်တရတ် ကြားလိုက်ရသည်။ မစ္စတာဝံပုလွေဆိုးကြီးအနည်းငယ် ရှုပ်ထွေးသွားသည်။
သူ့ခြိမ်းခြောက်သံကို သူမ အရေးမစိုက်ဘူး။
သူ့တွင်ဖြစ်ပေါ်နေသည့် ကျိန်စာကိုလည်း သူမ မကြောက်ဘူး။
သူမ သူ့အား မြေပြင်ပေါ်တွင်လည်း မထားရစ်ခဲ့ဘူး။
သူမက တကယ်ကြီး သူ့ဘေးမှာ အိပ်နေတာ။
ချိုမြမြသွေးများက သူ့လည်ချောင်းထဲ စီးဆင်းနေပြီး ထုံထိုင်းနာကျင်နေမှုက ရင်ဘတ်ထဲမှ လှိုက်တက်လာသည်။
ရွမ်းကျောင်သည် သူ၏နှလုံးသားထဲတွင် မည်သို့ခံစားနေရသည်ကို မသိတော့ပေ။ သူသည် စိတ်မသက်မသာဖြစ်နေပြီး သူ၏ခံစားချက်ကိုလည်း မဖိနှိပ်နိုင်ဖြစ်နေသောကြောင့် အောက်တွင်ရှိနေသော တိရစ္ဆာန်အရေခွံကို သတိမထားမိလိုက်ခင်မှာပင် အားဖြင့်ဆုပ်ကိုင်မိသွားပြီး ကြီးမားသည့် အပေါက်ဆယ်ပေါက်ကို ဖြစ်သွားစေတော့သည်။
သူ၏ချွန်ထက်သော လက်သည်းများက ဂူအပြင်ဘက်တစ်နေရာရာမှ အကြောင်းပြချက်မယ်မယ်ရရမရှိ သူလုပ်ထားသော ကျောက်ကုတင်ကို ထိသွားချိန်တွင် မစ္စတာဝံပုလွေဆိုးကြီးသည် အသိဝင်လာတော့သည်။
ဘာဖြစ်သွားသည်ဆိုသည်ကို သူရုတ်ချည်းပင် သဘောပေါက်သွားပုံရသည်။ ဆံပင်အောက်တွင် ဖုံးကွယ်နေသော သူ၏နားရွက်ထိပ်များမှာ ချက်ချင်းပင်နီရဲသွားတော့သည်။
သူ ထိုနက်နဲကာ လှပသော မတည်မငြိမ်ဖြစ်နေသည့် ခပ်လဲ့လဲ့ အပြာဖျော့ဖျော့မျက်လုံးတို့ကို ချက်ချင်းပင် ပိတ်ချလိုက်တော့သည်။ သူ၏မျက်တောင်ရှည်များသည် တဖျတ်ဖျတ်လှုပ်ခါနေပြီး ဖျော့တော့နေသော နှုတ်ခမ်းအား သူအတင်းကိုက်ထားမိလိုက်သည်။ ထိုညစ်ပတ်သောသွေးများ ထပ်မံစီးကျလာမည်ကို ခွင့်ပြုလိုက်ရန် သူ,မနှစ်မြို့ပေ။
YOU ARE READING
နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]
Romance»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest