Clickဖို့မမေ့ကြပါနဲ့ရှင့်🌻
Title - သူသည် သူ့ကိုယ်သူ ရှာလကာရည်မှောက်နေခဲ့ခြင်းဖြစ်၏
ရွမ်းကျောင်၏ လက်ချောင်းထိပ်တို့မှာ တုန်ရီလျက် ယွမ်ချိုးချိုး ပြောသွားသည့်စကားအား စိတ်ထဲတွင် အထပ်ထပ်အခါခါ ရေရွတ်နေမိ၏။
"ကျွန်မ ... ရှင်နဲ့ ... အမ် ... မစ္စတာမီးခိုးဖျော့ရောင်ဝံပုလွေSlowpokeနဲ့ ခွဲနေဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးပါဘူး"
သူမ မည်သည်ကို ဆိုလိုပါသနည်း?
သူမသည် မီးခိုးဖျော့ရောင်ဝံပုလွေ Slowpokeအား ကြိုက်နေဆဲဟု ဆိုလိုခြင်းလား?
မဟုတ်ဘူး မဟုတ်သေးဘူး။
မီးခိုးဖျော့ရောင်ဝံပုလွေ Slowpokeဟု မပြောခင် ချိုးချိုးသည် အခြားစကားလုံးတစ်လုံးကိုလည်း မသိမသာ ပြောသွားခဲ့သည်။
'ရှင်'။
သူ၏နှလုံးသားထဲတွင် ရှင်းမပြနိုင်သည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာလျက် ၎င်းသည် လှိုင်းတို့လှုပ်ခတ်နေသည့် ရေကန်တစ်ခုကဲ့သို့ သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးများအားစီးဆင်းစေလျက် ၊ သမုဒ္ဒရာ၏ တောက်လောင်နေသော ကြမ်းခင်းအလွှာက မီးတောင်ချော်ရည်များအလား ရွမ်းကျောင်၏စိတ်အား အတင်းဓမ္မဆောင်ယူလို့သွား၏။
သူ၏လှပသောပါးပြင်များမှာ နီရဲနေ၏။ သူ၏အမာရွတ်များနှင့် အပြည့်အဝမပျောက်သေးသည့် ပြတ်နေသော ခြေထောက်ထက်က ဒဏ်ရာများသည်ပင် နွေးထွေးလှသော နွေဦးရေထဲတွင် အစိမ်ခံထားရသကဲ့သို့ ခါးသက်မှုနှင့်နာကျင်ရသည့်ခံစားချက်တို့မှာ ပျောက်ကွယ်နေ၏။
သူ အိပ်မက်ပင်မမက်ရဲခဲ့သည့် အဆိပ်တစ်ခုလို သူ၏အရ်ိုးတို့အား တိုက်စားနေပါသော အတွေးတစ်ခုသည် သူ၏စိတ်မှ သူ၏ခြေလက်များဆီသို့ ချက်ချင်းပျံ့နှံ့သွားလျက် သူ၏ဝင်သက်ထွက်သက်တို့အား ချိုမြိန်ကာကြောက်မက်ဖွယ်ဖြစ်စေခဲ့တော့လေ၏။
ဆိုလိုသည်မှာ သူသည် မီးခိုးဖျော့ရောင်ဝံပုလွေSlowpokeဟူ၍လား?
တွက်ချက်ရလျှင် ၎င်းသည် အလွန်ကိုစောလှ၏။ အလွန်စောစောကပင် စတင်ခဲ့ခြင်းဖြစ်၏။
YOU ARE READING
နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]
Romance»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest