Chapter-67 မျက်တောင်တို့ထက်ကနူးညံ့သောအနမ်းပွင့်များ

1.9K 307 32
                                    

Ch(51-100)pdf fileက 1500ဖြစ်သွားပါပြီ‌နော် အပိုင်းတွေနည်းသွားပြီမို့လို့ပါ


Clickဖို့မမေ့ကြပါနဲ့ရှင့်❣️🌻

Title - မျက်တောင်တို့ထက်က နူးညံ့သောအနမ်းပွင့်များ

သူမ မစ္စတာဝံပုလွေအား သူမ၏ပျောက်ကွယ်နေသော ညာခြေဖဝါးဖြင့် ထိတွေ့နိုင်ခြင်းမရှိတော့ပါချေ။

ပျောက်ကွယ်သည့်အပိုင်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၏။ ဤအခြင်းအရာမှာ သူမ ဤမှတ်ဉာဏ်ကမ္ဘာထဲတွင် နေနိုင်မည့်အချိန်နှင့် စပ်ဆက်လောက်မည်။ ယမန့်နေ့ညနေမှစ၍ ရေတွက်ရသော် သူမ သူ့အား အဖော်ပြုပေးနိုင်မည့်အချိန်မှာ အများဆုံး နှစ်ရက်သာလျှင် ရှိတော့၏။

မစ္စတာဝံပုလွေအသေးလေး မည်သည်ကရှာတွေ့လာခဲ့သည်ကို မသိသည့် ကြည်လင်နေသော ရေများအပြည့်ဖြင့် သစ်ရွက်အကြီးကြီးအား ယွမ်ချိုးချိုး ကြည့်လိုက်၏။ သူမ၏နှလုံးသားမှာ ခါးသက်နေပြီး မည်သို့စကားဆိုရမည်ကို မသိပါချေ။

အလွန်ပင်အာရုံစူးရှလှသည့် မစ္စတာဝံပုလွေသည် သူမ၏စိတ်အခြေအနေ အနည်းငယ်ကျဆင်းနေပြီး အလွန်မပျော်ရွှင်ပုံရသည်ကို သတိထားမိ၏။

သူ နှုတ်ခမ်းများကိုစေ့လိုက်ပြီး တစ်ခဏလောက် တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေရှာ၏။ ထို့နောက် လက်မြှောက်ကာ ယွမ်ချိုးချိုး၏မျက်နှာဖုံးပေါ်ရှိ မီးခိုးငွေရောင်ဝံပုလွေအမွှေးနှစ်မျှင်ကို ဖယ်ပေးလိုက်သည်။

မစ္စတာမီးခိုးဖျော့ရောင်ဝံပုလွေသည် သူ၏အမျိုးသမီးလေး၏အနံ့တို့ဖြင့် ဖုံးလွှမ်းနေသည့် ထိုသားမွေးနှစ်မျှင်ကို လက်ထဲတွင် ဂရုတစိုက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး နောက်ပိုင်းအချိန်တို့အတွက် သိမ်းထားလိုက်၏။

"ဝုဖ် အူးးး ... အပြင် ... ထွက် ...(ဝုဖ် အရင်ဆုံး အပြင်ထွက်ကြည့်လိုက်ဦးမယ် ၊ ချိုးချိုး ခဏနေမှထနော်)" မစ္စတာမီးခိုးဖျော့ရောင် ဝံပုလွေအသေးလေးသည် ယွမ်ချိုးချိုးအား ကြည့်နေပြီး သေးငယ်သောမျှော်လင့်ချက် တစ်စွန်းတစ်စတို့သည် နွေဦးကဲ့သို့ ကြည်လင်လှသည့် သူငယ်အိမ်တို့တွင် တလက်လက်တောက်ပနေ၏ "အူးးးး ... (ဒါမှမဟုတ် ဝုဖ် ချိုးချိုးကိုစောင့်ပြီး ငါးဖမ်းဖို့ ခေါ်သွားပေးရမလား?)"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now