Chapter-16 သူမကSlowpokeလို့ခေါ်တဲ့ဝံပုလွေဆိုးကြီးတစ်ကောင်ကိုကြိုက်နေတာ

4.3K 597 21
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - သူမက Slowpokeလို့ခေါ်တဲ့ ဝံပုလွေဆိုးကြီးတစ်ကောင်ကိုကြိုက်နေတာ

ယွမ်ချိုးချိုးသည် ပြောပြီးသွားသောအခါ ကျောက်ကု‌တင်ပေါ်တွင်လဲလျောင်းနေသော မစ္စတာဝံပုလွေကြီးကို ကြည့်လိုက်သည်။ သို့သော် သူသည်ကတော့ ဘာမှကြားသည့်ပုံမပေါ်။

"မီးခိုးဖျော့ရောင်ဝံပုလွေ Mr.slowpoke"သည် ကစားရန်နေရာအနည်းငယ် လိုအပ်နေလောက်သည်ဟု သူမခံစားရသောကြောင့် ညစ်ပေနေသော တိရစ္ဆာန်အရေခွံအချို့နှင့် သစ်သားဇလုံနှစ်လုံးကိုယူကာ အိပ်ခန်းအပြင်သို့ ထွက်သွားလိုက်သည်။

အပြင်ဘက်တွင်ကျဆင်းနေသော နှင်းများမှာ စဲတော့မည်လက္ခဏာပင်မပြ။ သိပ်သည်းသော နှင်းစိုင်များသည်လည်း ကောင်းကင်တွင် စုဝေးနေကြသည်။ အလွန်ကိုပင် စိတ်ဓာတ်ကျဖွယ်ကောင်းလှသည်။

ယွမ်ချိုးချိုး မနေ့ညက ကျောက်မီးဖိုထဲသို့ ထည့်ခဲ့သော ထင်းပမာဏကို ပြန်တွက်ကြည့်လိုက်သည်။ ယခုအချိန်သည် နေ့လယ် ၂နာရီ ၃နာရီ ဝန်းကျင်လောက်ဖြစ်မည်ဟု  သူမခန့်မှန်းလိုက်သည်။ 

သူမအကြာကြီး အိပ်ပျော်သွားလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။ သို့သော်လည်း ကံကောင်းစွာပင် သူမ ဒဏ်ရာများမှာလည်း အတော်ကြီး သက်သာသွားသည်။

သူမသည် နာကျင်နေဆဲဖြစ်သော်လည်း မနေ့က နှင်းထဲတွင် မထနိုင်လုနီးပါးဖြစ်ခဲ့သည်ထက်စာလျှင် ပိုကောင်းလာသည်။

ယွမ်ချိုးချိုးသည် သစ်သားစည်ပိုင်းတစ်ခုကို သယ်ကာ သိုလှောင်ခန်းထဲသို့ နှင်းများကို ယူသွားလိုက်ပြီး မစ္စတာဝံပုလွေဆိုးကြီး၏ အားလပ်ချိန်ကို အသုံးချကာ လျှော်ဖွတ်ဆေးကြောရန် ရည်ရွယ်လိုက်သည်။ ပထမဦးဆုံး မနေ့က စုထားသည့် ညစ်ပေနေသော တိရစ္ဆာန်အရေခွံကို  လျှော်လိုက်သည်။

နေ့ရက်ဘယ်လောက်များများထိ နှင်းများသိပ်သည်းစွာ ကျဆင်းနေလိမ့်မည်ကို သူမ မသိပါသော်လည်း မစ္စတာဝံပုလွေဆိုးကြီး၏ သားရေထည်များကို ညစ်ပေစွန်းထင်းစေသော အရှိန်ဖြင့်ဆိုလျှင် သူမသာ ထိုအဝတ်များကို စောစောစီးစီး မလျှော်လိုက်ပါက ရက်အနည်းငယ်အတွင်းမှာပင် သားရေထည်များ မရှိတော့မည့် ကို့ရို့ကားယား အခြေအနေတစ်ခုကို ရောက်ရှိသွားလိမ့်မည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now