Chapter-31 သူမ၏လက်ဖဝါးအားထိခြင်း

3.7K 584 29
                                    

Title - သူမ၏လက်ဖဝါးအားထိခြင်း

လုစစ်ရန်ပြောပြီးသွားသောအခါ ယိုရွဲ့လော်၏အသားအရောင်မှာ ပြောင်းလဲသွားကာ သူမ၏မျက်ခုံးများမှာ  ဝမ်းနည်ထိရှခြင်းဖြင့် အသားကင်အား ဝါး‌စားနေခြင်းသည်လည်း ရပ်တန့်သွားတော့၏။

သူမ အရသာရှိလှသည့်အသားကိုမြိုချလိုက်ပြီး မျက်ခုံးများပင့်ရင်း လုစစ်ရန်ကိုမော့ကြည့်လိုက်၏။ သူမ၏အသံမှာ အလွန်တည်ငြိမ်အောင် ပြောနေရသည့်ပုံပင် "မီးလျှံဝံပုလွေမျိုးနွယ်စုကို သွားမယ်လို့ ပြောလိုက်တာလား?" 

"ယွမ်ချိုးချိုးကို သွားတွေ့ဖို့လား?"

လုစစ်ရန် သူမ၏အသံကိုကြားသောအခါ သူ၏ကံကောင်းခြင်းလေးမှာ ထပ်မံအတွေးများနေသည်ကို သိလိုက်သည်။ သူ သူ၏မျက်ခုံးများကို အသာအယာနှိမ့်ချလိုက်၏ "သူ(မ)အသက်ရှင်နေသေးလားဆိုတာ အတည်ပြုရုံပါကွာ ၊ တခြားဘာဆိုဘာမှမရှိပါဘူး"

"နင် သူ့ကို သတိရနေတုန်းပဲဟာကို" ယိုရွဲ့လော် သူမ၏လက်များကို ဆုပ်လိုက်၏။ "သူ့ကိုပဲ သွားရှာချေ ၊ သွား သွား အခုသွား ၊ ကျွန်မဂူမှာလာမနေနဲ့"

လုစစ်ရန်သည် သူမ၏ယခုလိုပုံစံအားကြည့်လိုက်ပြီး သူမ ထပ်၍သဝန်တိုနေပြန်သည်ကို သိလိုက်၏။ သူ့နှလုံးသားမှာ အနည်းငယ်စိတ်မရှည်ဖြစ်နေသော်ငြား ယွမ်ချိုးချိုးသာသေသွားပြီဆိုပါက တိုက်ခိုက်မှုကို ဆန္ဒရှိစွာကာဆီးပေး၍ သူ့အားကူညီရန် ယိုရွဲ့လော်ကို လိုအပ်သေးသည်ကို တွေးမိသွားလေ၏။ သူ စိတ်ရှည်ရှည်ထားကာ ရှင်းပြရ၏ "ရွဲ့လော်" 

"ကိုယ်သာ ယွမ်ချိုးချိုးကို တကယ်ဂရုစိုက်တယ်ဆိုရင် မျိုးနွယ်စုကို ပြန်လာတဲ့နေ့ကတည်းက ကိုယ် သူ့ကို သွားရှာပြီးရောပေါ့ ၊ ဘာလို့အခုချိန်ထိစောင့်နေဦးမှာလဲ?"

"အဲ့ဒါဆို မီးလျှံဝံပုလွေမျိုးနွယ်စုကို ဘာသွားလုပ်မလို့လဲ?" ယိုရွဲ့လော်သည် သူ့အား သံသယဖြစ်စွာကြည့်ကာ ပြော၏ "ချိုးချိုးက ဒီမျိုးနွယ်စုမှာ ဘာနီးစပ်တဲ့ မိသားစုဝင်မှ ရှိတာမဟုတ်ဘူး ၊ သူ(မ)ကမျိုးနွယ်စုကို ကူညီထားတဲ့အတွက် ကျွန်မတို့ သူ့(မ)ကို ကျေးဇူးတင်ချင်တယ်ဆိုရင်တောင် အကြွေးတင်နေတာမှမဟုတ်တာ ၊ စစ်ရန် အပြင်မှာနှင်းတွေ ဒီလောက်တောင်ကျနေတာပဲဟာ ၊ မသွားပါနဲ့နော်"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now