Chapter-108 ရေပူစမ်းလေး

607 48 3
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

ရေကျသံတို့သည် အစစ်အမှန် ဝံပုလွေလူကြီးလူကောင်းတစ်ယောက်ဖြစ်လာရန် အပီအပြင်ကြိုးစားအားထုတ်နေသည့် ဝံပုလွေတစ်ကောင်အပေါ် အကျိုးသက်ရောက်မှု အတော်ပင်ကြီးမားသွားသည်ကို ယွမ်ချိုးချိုး မတွေးမိပါချေ။

သူမသည် နွေးထွေးသည့်ရေပူစမ်းထဲတွင် ရေစိမ်နေပြီး သူမ၏ခန္ဓာကိုယ်ရောစိတ်ပါ ပြေလျော့သွားရ၏။

ရေနွေးနွေးသည် လက်တို့တစ်လျှောက်မှ စီးကျနေရင်း ယွမ်ချိုးချိုးသည် သူမ၏လည်တိုင်ထက်ရှိ အနီရဲရဲအသံပို့လွှတ်ပုတီးလုံးကို ထိကာ သူမ၏ရေစိုနေသော ဆံပင်ရှည်ကြီးကို မြှောက်တင်လိုက်သည်။

ဤသည်မှာ ယွမ်ချိုးချိုး အပြင်တွင်ရေချိုးဖူးသည့် ပထမဆုံးအကြိမ်ပင်။ မှောင်မိုက်နေသည့် ပတ်ဝန်းကျင်ကို မြင်နေရသောအခါ သူမ အနည်းငယ်ကြောက်မိလေသည်။ သူမ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မီးနွေးမြက်ရှိရာဆီ တိုးကပ်သွားလိုက်သည်။ ပုတီးလုံးထဲသို့ ဝိညာဉ်စွမ်းအင်စီးကြောင်းလေးကို ဂရုတစိုက်ထည့်သွင်းလိုက်ပြီး မစ္စတာဝံပုလွေဆိုးကြီးအား ခေါ်လိုက်သည် "ယောက်ျား"

တောင်နံရံဘေးတွင်ရပ်ကာ နတ်ဆိုးအသိစိတ်ကို လွတ်ထွက်မသွားစေရန် တတ်စွမ်းသမျှကြိုးစားနေရင်း ရွမ်းကျောင်သည် အသံပို့လွှတ်ပုတီးလုံးလေးကို ကိုင်ထားသည်။ မထိန်းချုပ်နိုင်သည့် တစ်ချို့တစ်ချို့သောအတွေးများကြောင့် ရွမ်းကျောင်၏မျက်နှာမှာ နီမြန်းနေ၏ "ဟင်? ဘာဖြစ်လို့လဲ?"  

ယွမ်ချိုးချိုး ခေါင်းကိုခါယမ်းလိုက်သည် "ဘာမှမဖြစ်ပါဘူး ၊ ဒီအတိုင်း နည်းနည်းမှောင်နေလို့"

"ကိုယ်ရှိပါတယ်" ရွမ်းကျောင်စကားသံသည် အဆုံးတွင် တိုးလျသွားလျက် နားရွက်ချွန်ချွန်လေးတစ်စုံမှာ လှုပ်ယမ်းနေ၏။

သူ နတ်ဆိုးအသိစိတ်အား အသုံးပြုထားခြင်းမရှိသော်လည်း သူသည် အမြဲလိုလို သတိကပ်ထားသည်။ အသက်ဓာတ်ရှိလက္ခဏာ တစ်စုံတစ်ခုရှိပါက သူ ချက်ချင်းပင် ရှာတွေ့နိုင်လိမ့်မည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now