Chapter-10 သူ့တွင်အမွှေးအများကြီးရှိသောကြောင့်ဖြစ်နိုင်သည်

5.1K 672 8
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - သူ့တွင်အမွှေးအများကြီးရှိသောကြောင့်ဖြစ်နိုင်သည်

ကြီးမားသောနှင်းချပ်များသည် ကောင်းကင်မှ အဆက်မပြတ်ကျဆင်းလာပြီး ယွမ်ချိုးချိုး၏ ဆံပင်ပေါ်သို့ ကျဆင်းလာသည်။ ထိုနှင်းများမှာ သူမ၏ တိုးများလာသည့် ခက်ခက်ခဲခဲ အသက်ရှူနေရမှုကြောင့် တဖြည်းဖြည်းချင်း အရည်ပျော်လာပြီး အေးခဲနေသည့် ရေကွက်များအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

သူမ သူမ၏အလွန်အမင်းနုံးချိနေသော ခြေထောက်များကို မရွှေ့နိုင်တော့သလို သူမ၏လက်မောင်းများကိုပင် မမြှောက်နိုင်ပါပေ။

မြင်သာနေသည့်အသားအရေမှာ အေးခဲကာတောင့်နေပြီဖြစ်ပြီး ယွမ်ချိုးချိုး၏လက်ဖဝါးမှာ မြေပြင်ပေါ်သို့ အားနည်းစွာ ထောက်ထားပြီး မတ်တတ်ရပ်ရန်ကြိုးစားနေသည်။

ကောင်းကင်သည် လုံးဝကိုအမှောင်အတိဖြစ်နေပြီး သူမ သူမ၏မျက်လုံးများကို ကျယ်ကျယ်လေးဖွင့်ထားနိုင်ရန် ကြိုးပမ်းနေသော်လည်း မှိန်ပျပျအရိပ်တစ်ခုကိုသာ မြင်ရသည်။

သူမ လေ'တဟူးဟူး'တိုက်ခတ်သံကို ကြားနေရပြီး ထိုအသံမှာ နှေးကွေးသည့်လမ်းလျှောက်သံနှင့် ရောနေသည်။

လေးနက်ကာမူမမှန်သည့် ခြေလျှောက်သံမှာ ဂူအနီးအနားမှ လာခြင်းဖြစ်သည်။

ယွမ်ချိုးချိုး၏ နှလုံးသားလေးမှာ ရုတ်ချည်းပင် ခုန်တက်သွားတော့သည်။

များပြားလှသည့်အတွေးများမှာ သူမ၏အားနည်းနေသောဦးခေါင်းအတွင်း အလျင်အမြန်ဖြတ်သန်းသွားတော့သည်။ ထို့နောက်သူမ စတင်တွေးတော့သည် "မစ္စတာဝံပုလွေ အပြစ်လုပ်ထားတဲ့ တစ်ယောက်ယောက်က လက်စားချေဖို့ ရောက်လာတာဖြစ်မယ်" ၊ "သူမရဲ့ ‌ခွေးသွေးအသက်လေးကို ယူဖို့ရောက်လာတဲ့ ဒဏ္ဍာရီလာနတ်ဆိုးကောင်ကြီးလည်း ဖြစ်နိုင်တာပဲ"

အချိန်တစ်ခဏလောက် မစ္စတာဝံပုလွေဆိုးကြီး သူမအားကယ်တင်ရန် ရောက်လာလိမ့်မည်ဟု ယွမ်ချိုးချိုး မျှော်လင့်လိုက်မိသည်။

သို့သော်လည်း ထိုအတွေးပေါ်လာသည်နှင့်ချက်ချင်း သူမထိုအတွေးအား ဖျောက်ဖျက်ပစ်လိုက်သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now