Clickဖို့မမေ့ကြပါနဲ့ရှင့်❤️
Title - အင်္ကျီဇောက်ထိုးဝတ်ထားသည့် မစ္စတာဝံပုလွေဆိုးကြီး
ရင်းနှီးနေပါသည့်ပုံသဏ္ဌာန်အား မိုးရေများအောက်တွင် မြင်လိုက်ရသောအခါဝယ် ယွမ်ချိုးချိုး၏မျက်လုံးများမှာ ဝိုင်းစက်သွားလျက် မျက်ရည်တို့သည် သူမ၏မျက်လုံးများအား မှုန်ဝါးသွားစေ၏။
အဆက်မပြတ်ကျဆင်းနေပါသည့် မိုးလိုက်ကာအတွင်း ကြီးမားလှသည့် ပုံသဏ္ဌာန်ကြီးသည် မပီမပြင်ဖြစ်နေ၏။ မိုးသီးများနှင့် အေးစက်လှသောမိုးပေါက်များသည် မစ္စတာဝံပုလွေဆိုးကြီး၏ စိုစွတ်နေသော သားမွေးများအား ထိမှန်လျက် ဝံပုလွေတစ်ကိုယ်လုံးအား အလွန်အမင်းယိုင်ထိုးသွားစေလေ၏။
သူသည် သူမတို့ပထမဆုံးတွေ့သည့်အချိန်ကထက် ပို၍အရပ်ရှည်လာပြီး မိုးသီးမိုးပေါက်တို့သည် သူ၏ကျောပေါ်ရှိ ထင်းများအားရိုက်ခတ်လျက် အစွန်းသို့လျှောဆင်းသွားကြ၏။
သူ အခြေအနေမဟန်သည့်ပုံရသော်ငြား အသက်ရှင်နေဆဲပါပင်။
အသက်ရှင်နေဆဲပါပင်...
ရုပ်ပိုင်းဆိုင်ရာခွန်အားကို အလွန်အမင်းဆွဲဆန့်ထားရပါသည့် ယွမ်ချိုးချိုးမှာ ခြေလက်များ ထုံကျင်နေပြီးဖြစ်သော်ငြား ငြိမ်သက်နေခဲ့သည့်နှလုံးသားမှာ အနည်းငယ်ခုန်ပေါက်သွား၏။
သူမ သူမ၏သားမွေးကုတ် ညစ်ပတ်နေသည်ကိုပင် ဂရုမစိုက်တော့ဘဲ လက်မောင်းကိုမြှောက်ကာ သူမ၏မျက်လုံးထောင့်စွန်းအား ကြမ်းကြမ်းတမ်းတမ်း သုတ်ပစ်လိုက်၏။ အပြင်ဘက်ရှိ မိုးနှင့် ရိုက်ခတ်နေသည့် အေးစက်စက်မိုးသီးများအား ဂရုမစိုက်တော့ဘဲ သူမ သူမ၏နာကျင်နေသည့် ခြေထောက်များကိုကြွကာ ဂူထဲမှထွက်၍ သူရှိရာဆီသို့ အလျင်အမြန်ပြေးဝင်သွားတော့၏။
——ရွမ်းကျောင်မှာ ယွမ်ချိုးချိုး အချိန်ကိုက်နိုးလာမည်ကို မျှော်လင့်မထားမိခဲ့ပါပေ။
သူ၏ဂရုစိုက်မှုများနှင့် အစီအစဉ်များကတော့ သွားရှာလေပြီ။
နတ်ဆိုးအသိစိတ်သည် မိုးထဲမှ အညစ်အကြေးများနှင့် ယွမ်ချိုးချိုး၏ရှုပ်ပွနေသော ဆံပင်အား စုန်ချည်ဆန်ချည်ကြည့်လိုက်ပြီး မစ္စတာဝံပုလွေဆိုးကြီးသည် တစ်စုံတစ်ခုအား အသေအချာအတည်ပြုလိုက်နိုင်၏။
YOU ARE READING
နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]
Romance»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest