Chapter-102

576 69 6
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

ရှောင်မောင်သည် သူသိသည့်အရာအား ပြောပြပြီးနောက် သူ၏မျက်လုံးထောင့်တွင် မျက်ရည်များရှိနေကြ၏။ သူ ယွမ်ချိုးချိုးနှင့်ရွမ်းကျောင်အား အလွန်နက်နက်နဲနဲ ကြည့်လာလျက် သူမတို့ထံမှ စိတ်ချရသည့်အဖြေတစ်ခု ရချင်နေပုံပေါ်၏။

ယွမ်ချိုးချိုး သူမ၏နှလုံးသားထဲတွင် ထုံထိုင်းသွားသလို ခံစားလိုက်ရပြီး သူ့အားနှစ်သိမ့်ပေးလိုက်၏ "ဘွားဘွားရူရီက အစ်မတို့ကို သူ့(မ)ကိုစောင့်နေဖို့ ပြောသွားတယ်လေ ၊ အဲ့ဒီတော့ ပြဿနာအထွေအထူး ရှိမှာမဟုတ်လောက်ပါဘူး စိုးရိမ်မနေနဲ့နော်" 

ပြောပြီးနောက် မိုမောင်နှင့်မိုယွီတို့ ပို၍အခြေအနေကောင်းလာပုံရသည်ကို မြင်လိုက်ရပြီး နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချမိ၏။ 

ယွမ်ချိုးချိုး၏မျက်လုံးတို့သည် တစ်ဖက်တွင် မျက်မှောင်အသာကြုံ့ထားသည့် မစ္စတာဝံပုလွေဆိုးကြီးနှင့် တွေ့ဆုံသွား၏။ သူ၏ကြက်သွေးနီရောင်မျက်ဝန်းတို့မှ သူမအား စိတ်သက်သာရာရသွားစေသည့် အချက်ပြမှုအချို့ကို သူမ,ဖမ်းမိလိုက်၏။

လူတိုင်းသည် ယခုလက်ရှိတွင် မဖြေရှင်းနိုင်သေးသည့် ဤပြဿနာအား ဘေးချထားလိုက်ကြပြီး မြွေတစ်ပိုင်း သိမ်ငှက်တစ်ပိုင်း သားရဲပေါက်လေး၏အခြေအနေကို ယွမ်ချိုးချိုး စစ်ဆေးလိုက်သည်။

သားရဲလေးသည် ရှဲ့ချင်ထက် ပိုမိုစောစီးစွာ နိုးထလာခဲ့ပြီး သူ၏တစ်ကိုယ်လုံးတွင် အမာရွတ်များရှိနေသော်လည်း ရွှင်ရွှင်လန်းလန်းရှိလေ၏။ သူသည် ပတ်ဝန်းကျင်အား သူ၏မျက်လုံးဝိုင်းကြီးများဖြင့် လိုက်လံကြည့်ရှုလျက်ရှိ၏။

"မနက်က သူစစနိုးလာတဲ့အချိန်တုန်းက ရှဲ့ယင်က တအားကြောက်ပြီး နေရာရွေ့ဖို့ကို ရုန်းကန်နေတာလေ" ရှောင်ယွီသည် ဘေးတွင်ရပ်နေသည့် ယွမ်ချိုးချိုးအား ပြောပြလေသည် "ဒါပေမယ့် သူ့ဘေးက သူ့ညီလေးကိုလည်းမြင်ပြီးရော ခဏလောက်နေတော့ ငြိမ်သွားတာ" 

"ရှဲ့ယင်" ယွမ်ချိုးချိုး တစ်ခဏမျှ ငြိမ်သက်သွားရ၏။ 

ရှောင်ယွီသည် ပြုံးကာထပ်ပြောလာသည် "ဟုတ်တယ် ၊ ရှဲ့ယင်ဆိုတာ သားတို့သူ့ကိုခဏပေးထားတဲ့နာမည်လေ ၊ တစ်ကယ်လို့နောက်ကျ သူ,မကြိုက်ဘူးဆိုရင် သူ သူ့ဘာသာပြောင်းလို့ရပါတယ် ၊ ရှဲ့ချင်ရဲ့မျိုးရိုးနာမည်ရှဲ့နဲ့ ယင်ကကျ အနာဂတ်မှာ သူရဲကောင်ကြီးဖြစ်လာပါစေလို့ပြောတာ!" 

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now