Clickဖို့မမေ့ကြပါနဲ့❤️
Title - သူ၏ကျိုးပဲ့ပျက်စီးနေသောခန္ဓာကိုယ်ကို သူမမြင်သောအခါ
ယွမ်ချိုးချိုးသည် သူမပုခုံးပေါ် ရှိ သူ၏လက်သည်းများအား ကြောက်လန့်ခြင်းမရှိရုံသာမက "မင်္ဂလာဝတ်စုံက မလှဘူးလားဟင်?" ဟုပင် သူ့အားမေးလာလိမ့်မည်ဟု မစ္စတာဝံပုလွေသည် မျှော်လင့်မထားခဲ့မိပေ။
မလှဘူးလား? သေချာတာပေါ့ မလှဘူး။
သူမအခုဘယ်လောက်တောင် ရှက်နေသလဲဆိုတာ သူမ,မမြင်ရှာဘူး။
သူမဆံပင်များမှာ လေကြောင့် ကောက်ကွေးကုန်သည်။ မြင်သာနေသည့် မင်္ဂလာဝတ်စုံမှအတွင်းဝတ်မှာလည်း နှစ်ပေါင်းများစွာ ဝတ်ဆင်ထားပြီးပုံ ပေါ်လေသည်။ မပျက်စီးသေးသော်လည်း လုံးဝကိုနွေးထွေးမည် မဟုတ်ချေ။
မြင်နေရသည့် သူမ၏အသားအရေကို ကြည့်ရသည်မှာလည်း အေးစက်နေကာ အနီရောင်သမ်းနေသည်။ သူမခြေဖဝါးပေါ်ရှိ ဟောင်းနွမ်းနေသော တိရစ္ဆာန်အရေခွံဖိနပ်မှာလည်း အေးခဲကာ ပျက်စီးလုနီးပါးပင် ဖြစ်နေသည်။
သူမသည် အအေးဒဏ်ကြောင့် တုန်နေပြီး အားနည်းနေသည်မှာ အသိအသာပင်ဖြစ်သော်လည်း သူမသည် သူ့အားလက်ခံကာ ပြုံးပြနေဆဲပင် ဖြစ်သည်။
နတ်ဆိုးသတိသည် ယွမ်ချိုးချိုး၏ပတ်ပတ်လည်တွင် လှည့်လည်နေသော်ငြား မစ္စတာဝံပုလွေနတ်ဆိုး၏ ထုံထိုင်းနေသော နှလုံးသားမှာ နားမလည်နိုင်စွာ အမျက်ထွက်နေမိသည်။
အဘယ်ကြောင့်နည်း?
အဘယ်ကြောင့်များ သူမက သူ့ကို မကြောက်ရသနည်း?
အဘယ်ကြောင့်များ သူမအဝေးကို ထွက်မပြေးရသနည်း?
အဘယ်ကြောင့်များ လူတိုင်းစက်ဆုပ်ကြသည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည့် သူ့လိုလူအား ဤကဲ့သို့ အပြုံးမျိုးအား ပြရသနည်း?
မစ္စတာဝံပုလွေဆိုးကြီးမှာ ထိုအကြောင်းအားနားမလည်နိုင်တော့ပါ။ သူလည်ချောင်းအတွင်းမှ ထပ်မံဟိန်းဟောက်လိုက်ကာ သူ၏ချွန်မြလှသည့် ရှေ့ခြေသည်းများအား ဖြည်းညင်းစွာ ရွေ့လျားလိုက်ပြီး ယွမ်ချိုးချိုး၏ ကျိုးပဲ့လွယ်သော လည်ပင်းတစ်ဝိုက်တွင် အေးစက်စက်လေတစ်ချက် မှုတ်ထုတ်လိုက်လေသည်။
YOU ARE READING
နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]
Romance»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest