Clickဖို့မမေ့ကြပါနဲ့ရှင့်❣️
Title - ဝံပုလွေ၏ငိုကြွေးမှုများ
ခပ်တိုးတိုးဟိန်းဟောက်သံသည် မစ္စတာဝံပုလွေ၏လည်ချောင်းအတွင်းမှ ထွက်ပေါ်လာ၏။ ရှင်းလင်းသည့် ခြိမ်းခြောက်မှုများနှင့် သတိပေးသံများသည် ညလေပြင်းထက် သုံးဒီဂရီပင် ပိုအေးစက်လျက်ရှိကာ အဆင့်ငါးသို့ရောက်နေပြီဖြစ်သည့် ချင်းရူရီအား ငေးကြောင်သွားစေ၏။
သူမ၏ မိုးမခသစ်ကိုင်းများမှ တစ်ကိုင်းသည် ယွမ်ချိုးချိုးထိုင်နေသည့် မိုးမခသစ်သားပြားတစ်ဝိုက်တွင် ရစ်ပတ်ထားသော်လည်း ဟိန်းဟောက်သံအား ကြားလိုက်ပြီးနောက် မိုးမခသစ်ကိုင်းအားလုံးသည် ပြတ်တောက်သွားကြတော့၏။
ညမြင်ကွင်းအား ကောင်းစွာမြင်နိုင်သော စွမ်းရည်ရှိသည့် ချင်းရူရီသည် တစ္ဆေတစ်ကောင် သူမထံ တဟုန်ထိုးပြေးလာသလို နီနီရဲရဲဝတ်ရုံရှည်အား ယွမ်ချိုးချိုး မတုံ့ပြန်နိုင်ခင်ကပင် မြင်ပြီးဖြစ်၏။
ဝံပုလွေသည် ခြေဗလာနှင့်ဖြစ်ပြီး သူ၏ပါးပြင်များနှင့် လက်ကောက်ဝတ်များသည် နတ်ဆိုးအသွင်ပြောင်းလဲခြင်းကာလကြောင့် ကြောက်စရာကောင်းလျက်ရှိ၏။ သူ၏ကြက်သွေးနီရောင် တောက်ပနေသည့် မျက်လုံးများမှာ တစ်ဝက်မပွင့် မှေးစင်းလျက်ရှိပြီး နတ်ဆိုးအစွယ်များကို လှစ်ဟထား၏။ နက်မှောင်သော ဆံပင်ရှည်သည် တွဲလွဲကျနေလျက် ကြီးမားကျယ်ပြန့်သော လက်ဖဝါးနှစ်ဖက်တွင်မူကား သွေးများသည် တစ်စက်ချင်း စီးကျနေ၏။ ကြည့်ရသည်မှာ သူသည် သူ၏အသိစိတ်ကို လုံးဝဆုံးရှုံးလိုက်ပြီးပုံရ၏။
ချင်းရူရီ၏နှလုံးသားသည် တင်းကျပ်သွား၏။ သူမ၏ယခင်အတွေ့အကြုံအရ ဤအသွင်အပြင်မှာ နတ်ဆိုးအသွင်ပြောင်းလဲခြင်း၏ အလယ်အဆင့်ပင်။ ဤအချိန်တွင် အခြေခံကျသည့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းပင် မရှိတော့ ၊ စကားမပြောနိုင် ၊ အသားနှင့်သွေးကိုသာ တောင့်တလျက်ရှိ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမတို့ထံ တဟုန်ထိုး ပြေးလာနေသည့် ရွမ်းကျောင်အားကြည့်လိုက်ရင်း ဘွားဘွားရူရီသည် ဘာမျှပင်မစဉ်းစားနိုင် နူးညံ့သည့် မိုးမခသစ်ကိုင်းအချို့ဖြင့် ယွမ်ချိုးချိုး၏အမြင်အာရုံကို အလျင်အမြန် ဖုံးကာလိုက်၏ "မကြည့်နဲ့ အန္တရာယ်ရှိတယ်"
YOU ARE READING
နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]
Romance»This is not my own work »Translated from mtl and faneditedmtl »For offline purpose »Cover photo from pinterest