Chapter-26

3.7K 575 43
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - သူသည် တစ်ကိုယ်ကောင်းဆန်သည့် ဝံပုလွေတစ်ကောင်ဖြစ်သည်

ယွမ်ချိုးချိုး၏အသံမှာ အမှန်တကယ် အလွန်ကို တိုးညင်းပေသည်။ သူမသည် အိပ်ခန်းထဲတွင် အနားယူနေဆဲဖြစ်လောက်မည့် မစ္စတာဝံပုလွေဆိုးကြီးအတွက် ဂရုစိုက်ကာ ညင်သာစွာ စကားပြောလေ၏။

သို့သော်လည်း သူမ သူမ၏အသံအား တိုးပြောနေလျှင်တောင် မစ္စတာဝံပုလွေဆိုးကြီးသည် သူ၏နားရွက်ချွန်ချွန်လေးနှစ်ဖက်အား ဂရုတစိုက်နားထောင်ရန် တိတ်တိတ်ကလေး ထောင်ထားသည်ကိုတော့ သူမ,သိလိမ့်မည် မဟုတ်ပါချေ။

"အစ်မယောက်ျားရဲ့အိမ်" ၊ "ကလေး" ၊ "နှင်းကာဖို့"နှင့် အခြားသောစကားလုံးများကို သူကြားလိုက်ရသည်။

သူ့လူသားအမျိုးသမီးလေး၏အသံတွင် တွန့်ဆုတ်မှုစိုးစဉ်းမျှပင်မပါဘဲ သိမ်မွေ့ကာညင်သာနေပါ၏။

သူမသည် အပြင်လူများအား ပြောပြရန် အမှန်တကယ်ပင် ဆန္ဒရှိပုံပေါ်၏—

"ဒါက အစ်မယောက်ျားရဲ့အိမ်"

အိမ်။

စကားလုံးမှာ ရင်းနှီးသော်လည်း မရင်းနှီးပါပေ။ သူ မည်သည့်အခါကမျှ မပိုင်ဆိုင်ဖူးခဲ့သော အဖိုးတန်လှသည့်တစ်စုံတစ်ခု။

သူ ယခုအချိန်တွင် မည်ကဲ့သို့ခံစားနေရသည်ကို မစ္စတာဝံပုလွေဆိုးကြီး မသိပါ။ သို့သော် သူ၏နှလုံးသားထဲရှိ မရှင်းပြတတ်သော မကျေနပ်ချက်များနှင့် နာကျင်မှုတို့သည်ကား နေအောက်ကမြူကဲ့သို့ပင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရ၏။

သူ အနည်းငယ် ငြိမ်သက်သွားပြီး အမျိုးသားတစ်ဦး၏အနံ့ကြောင့် အနည်းငယ် လွင့်ထွက်သွားသော သူ၏အမြီးအကြီးကြီးသည်ပင် ပုံမှန်ပြန်ဖြစ်သွားလေ၏။     
မစ္စတာဝံပုလွေဆိုးကြီးသည် မကြာသေးမီကမှ ပြန်ချုပ်ထားသော တိရစ္ဆာန်အရေခွံသည် သူ၏လက်သည်းများကြောင့် ပြန်၍စုတ်ပြဲသွားသည်ကို တွေ့လိုက်ရသောကြောင့် အနည်းငယ် ရှက်သွားလေသည်။

သူသည် တိတ်တိတ်ကလေး သူ၏ ဝံပုလွေလက်သည်းများကို လူလက်ဖဝါးအဖြစ် ပြန်ပြောင်းလိုက်ပြီးနောက် လက်အကြီးကြီးနှစ်ဖက်ဖြင့်ပင် အပေါက်ဆယ်ပေါက်ကို ကာထားလိုက်သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now