Chapter-65 ဝုဖ်၏တစ်ဦးတည်သောအမျိုးသမီးလေး

2.4K 317 9
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

Title - ဝုဖ်၏ တစ်ဉီးတည်သော အမျိုးသမီးလေး

သူမ၏လက်ရှိအမူအယာသည် အလွန်ပင်ရုပ်ဆိုးနေမည်ဟု ယွမ်ချိုးချိုးခံစားရသော်လည်း ကံကောင်းစွာဖြင့်ပင် သူမသည် သူမ၏မျက်နှာပေါ်တွင် ထူးဆန်းသောမျက်နှာဖုံးကို ဝတ်ဆင်ထားဆဲဖြစ်သောကြောင့် မစ္စတာဝံပုလွေအသေးလေးသည် သူမ၏အမူအယာကို မမြင်နိုင်ပေ။

ယွမ်ချိုးချိုး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ပျော်ရွှင်အောင်ကြိုးစားရင်း ခေါင်းကိုခါယမ်းပြလိုက်သည်။ သူမ မစ္စတာဝံပုလွေအသေးလေးအား ဆေးပင်များဖြင့်တိရစ္ဆာန်အရေခွံအိတ်လေးအား ညွှန်ပြလိုက်ပြီး သတိပေးလိုက်သည် ".... နင့်ခြေထောက်လည်း ဒဏ်ရာရထားတယ်လေ"

သူ၏ဤအသိစိတ်ထဲတွင်ပင် ရေခဲတမျှအေးစက်လှသည့် ဆောင်းတွင်းကြီး၌ မစ္စတာဝံပုလွေဆိုးကြီးသည် သူမအတွက် တိရစ္ဆာန်အရေခွံဖိနပ်တစ်ရံကို "ပြုလုပ်"ပေးထား၏။

ဝံပုလွေ၏ အတွင်းစိတ်ထဲတွင် သူမသည် တစ်ကယ်ကြီးပင် အဘယ်ကြောင့် လက်တစ်ဝက်တိရစ္ဆာန်အရေခွံအင်္ကျီကို ဝတ်ဆင်ထားရသည်ကိုတော့ သူမလည်း မသိပါပေ။

ယွမ်ချိုးချိုး မစ္စတာမီးခိုးဖျော့ရောင်ဝံပုလွေအား အနည်းငယ်မကျေမနပ်ကြည့်လိုက်ပြီး သူမ၏အသံသည် ဆို့နင့်နေ၏ "နင့်ခြေထောက်က ဘာလို့ဖိနပ်ဝတ်မထားရတာလဲ......."

သူ့တွင် တိရစ္ဆာန်အရေခွံ အလုံအလောက်မရှိသောကြောင့် ဒီအတိုင်းခြေဗလာဖြင့်သာ ထွက်လာရန် ရွေးချယ်ခဲ့ခြင်းဖြစ်လောက်မည်ကို သူမ,သိသော်လည်း မနေနိုင်စွာ မေးမိသည်။

သူသည် ဝံပုလွေပေါက်လေးတစ်ကောင်နှင့် တူသော်လည်း အရေထူပြီး မာကျောသောခန္ဓာကိုယ်နှင့် ဝံပုလွေကြီးတစ်ကောင် ဖြစ်နေပြီဖြစ်ကြောင်းနှင့် အအေးဒဏ်ကိုလုံးဝပင်မကြောက်ကြောင်းတို့ကို ပြောပြရင်း မစ္စတာဝံပုလွေအသေးလေးသည် အနည်းငယ်ဒယီးဒယိုင်ဖြစ်နေခဲ့သည်။ 

ယခုအချိန်တွင် သူမတို့သည် မှတ်ဉာဏ်ကမ္ဘာတွင်ရှိနေသောကြောင့် ဖြစ်မည်။ အနက်ရှိုင်းဆုံးအတွင်းစိတ်ထဲတွင် မစ္စတာဝံပုလွေဆိုးကြီးဖြစ်သည့် ရွမ်းကျောင်အသေးလေးသည် ချိုးချိုးဟုခေါ်သော လူသားအမျိုးသမီးလေးသည် သူ၏အမျိုးသမီးလေးဖြစ်သည်ဟု အလျင်အမြန်ပင် လက်ခံလိုက်လေ၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now