Chapter-89 မင်းကိုမြင်ချင်တယ်

1K 118 4
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - မင်းကိုမြင်ချင်တယ်

အနောက်တောင်မှဝိညာဉ်စွမ်းအင် အပြောင်းအလဲတို့သည် ဝက်ဝံများအား အချိန်ခဏကြာအောင် အံ့အားသင့်စေခဲ့ပြီးနောက် လူတိုင်းသည် သူတို့၏ဂူသို့ အနားယူရန် ပြန်သွားကြတော့၏။

ဆေးပင်များအား မည်သို့အသုံးပြုရမည်ကိုသိပြီး ဒဏ်ရာရဝက်ဝံများအား ဂရုစိုက်ပေးနေကြဆဲဖြစ်သော နူးညံ့သိမ်မွေ့သည့် ဝက်ဝံများနှင့်လူသားအနည်းငယ်မှလွဲ၍ ဆောင်းဝက်ဝံမျိုးနွယ်စုတစ်ခုလုံးသည် ကျဆင်းနေသောနှင်းတို့အောက်၌ တိတ်ဆိတ်နေသော မျိုးနွယ်စုဆီသို့ ပြန်ခဲ့ကြလေ၏။

အကြီးအကဲဘိုးဘိုးသည်လည်း အကောင်ပေါက်လေးတစ်ပြုံကြီးနှင့်အတူ သူ၏ကျယ်ပြန့်သောဂူသို့ ပြန်သွား၏။

ရှဲ့ချင် ၊ ရှောင်ကွမ်းကွမ်းနှင့် အခြားသားရဲပေါက်များသည် အလိုက်သိသောအပြုအမူဖြင့် အငယ်များအား ကြည့်ရှုစောင့်ရှောက်နေကြ၏။ ဂူထဲတွင် အလွန်ကြီးမားသည့် ကျောက်ကုတင်တစ်လုံးသာရှိပြီး အပူကိုထိန်းသိမ်းထားရန်အတွက် ထင်းများအလုံလောက်ရှိလေသည်။

အကြီးအကဲဘိုးဘိုးသည် သူ၏ခန္ဓာကိုယ်ပေါ်မှ နောက်တီးနောက်တောက် ကလေးအချို့ကိုယူလိုက်ပြီး အိပ်ပျော်နေကြသော အကောင်ပေါက်လေးများကိုကြည့်ကာ သူ၏လုံးဝန်းသောဦးခေါင်းအား ထိလိုက်၏။

လွန်ခဲ့သည့်နှစ်ရက်က ဆေးပင်များစုဆောင်းရန် ထွက်သွားခဲ့ကြသည့် ရှောင်ဒိုဒိုနှင့်သူ၏အစ်ကိုတို့ ပြန်ရောက်လာခဲ့ကြပြီး မျိုးနွယ်စုတွင်နေထိုင်နေဆဲဖြစ်သည့်ထန်းရှို့နှင့် ချင်းရူရီတို့နှင့်အတူ မျိုးနွယ်စုသည် သက်ဝင်လှုပ်ရှားလို့နေ၏။

အသက်ကြီးဝက်ဝံများနှင့် အားနည်းသောဝက်ဝံများမှာ နောက်ဆုံးတွင် သူတို့၏ဝန်အား ချထားလိုက်နိုင်ပြီး သူတို့၏ဂူထဲတွင် ဆောင်းခိုနိုင်ကြလေပြီ။ 

အကြီးအကဲပန်ဒါဘိုးဘိုးသည် သူ၏သားရဲအသွင်အား ပိုမိုသေးငယ်စေလိုက်ပြီး ကျောက်ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံရန် ရည်ရွယ်လိုက်သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now