Chapter-92 ရှဲ့ချင်၏အကြေးခွံများ

720 96 2
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - ရှဲ့ချင်၏အကြေးခွံများ

"မမချိုးချိုး! အိမ်မှာရှိလား?" စိုးရိမ်မှုတစ်စွန်းတစ်စဖြင့် ရှောင်မင်၏အသံသည် ထွက်ပေါ်လာ၏။ အနည်းငယ်တိုးညင်းသော်လည်း ရှင်းလင်းနေသည်။

"ရှောင်ဒိုဒိုလည်းပါတယ် ဒဏ်ရာရထားတယ်" ရွမ်းကျောင်၏ လက်ချောင်းထိပ်တို့သည် အစိမ်းရောင်ဝါပမာဏ အနည်းငယ်ပေါ်တွင် ပြေးလွှားနေပြီး သူ၏မျက်ဝန်းအောက်ခြေမှာ တလက်လက်တောက်ပနေ၏။

ဤစကားအား ကြားလိုက်ရသောအခါ ယွမ်ချိုးချိုး အံ့အားသင့်သွားရသည်။ သူမ၏လက်ထဲရှိ အစိမ်းရောင်ဝါလမင်းတို့ကို ချထားလိုက်ပြီး ဂူအပြင်သို့ အမြန်ထွက်ရန် မတ်တတ်ရပ်လိုက်၏။

"မမချိုးချိုး......"

မိုမင်မှာ မျက်ရည်တို့ဖြင့်ပြည့်နေပြီး စိုးရိမ်ပူပန်စွာဖြင့် ခြေလှမ်းတို့ကို လေးလံစွာ လှမ်းလာနေ၏။

ယွမ်ချိုးချိုး တံခါးအား ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏မျက်ရည်တို့ပြည့်နေသော မျက်လုံးများအား တွေ့ဆုံလိုက်ရတော့၏။

သူမ(ချိုးချိုး) မည်သည်တို့ ဖြစ်ပျက်သွားသည်ကိုမေးရန် စီစဉ်မထားပေ။ ရှောင်မင်သည် သူမ၏မျက်လုံးထောင့်စွန်းမှ မျက်ရည်တို့ကိုသုတ်ရန် လက်တို့ကိုမြှောက်လိုက်ပြီး ပြတ်တောင်းပြတ်တောင်းဖြင့် ပြော‌လာ၏ "..... ရှဲ့ချင် ၊ ကွမ်းကွမ်း ......."

ယွမ်ချိုးချိုး လက်မြှောက်ကာ သူမ၏ခေါင်းလေးအား ထိလိုက်သည်။ သူမ ရှေ့သို့ကြည့်လိုက်သောအခါတွင်မူ လက်မောင်းထဲတွင် အသက်ဖျော့ဖျော့သာရှူနေသည့် ကလေးတစ်ဦးအား ပွေ့ထားပြီး အတောင်ပံတို့တွင် သွေးများဖုံးလွှမ်းနေသည့် သိမ်းငှက်ကြီးထန်းရှို့ကို မြင်လိုက်ရတော့၏။

ဖူးယောင်နေသောနောက်ကျော ပြာနှမ်းနေသောနှာခေါင်းနှင့် အမွှေးပြောင်ပန်ဒါတစ်ကောင်သည် သူ၏ဘေးတွင် ရပ်နေ၏။ သူ့တွင် သွေးစွန်းမနေသည့်နေရာမှာ သူ၏ဝမ်းဗိုက်နှင့်ကျောရိုး အစိတ်အပိုင်းအနည်းငယ်တို့သာ ဖြစ်၏။ သူ၏ကျောထက်တွင်ကား ကလေးနှစ်ယောက်ကို သယ်ဆောင်ထား၏။

ရှောင်ကွမ်းကွမ်းနှင့် ရှဲ့ချင်ပါပင်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now