Chapter-78 သူ၏နှုတ်ခမ်းတို့အားမတော်တဆပွတ်တိုက်မိသွားခြင်း

1.8K 207 4
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - သူ၏နှုတ်ခမ်းတို့အား မတော်တဆ ပွတ်တိုက်မိသွားခြင်း

မစ္စတာဝံပုလွေဆိုးကြီး၏ စိတ်လှုပ်ရှားနေသော အသံအားကြားရသောအခါ ယွမ်ချိုးချိုး အနည်းငယ်ပဟေဠိ ဖြစ်သွားရလေသည်။ သူမ တွန့်ဆုတ်စွာဖြင့် မေးလိုက်သည် "ကုတင်က အရမ်းလေးတာလေ ကျွန်မတို့ဘယ်လိုယူကြမှာလဲ?"

ရွမ်းကျောင်နှုတ်ခမ်းတို့ကို စေ့လိုက်သည်။ သူ၏ရှည်သွယ်သွယ် လက်ချောင်းများသည် တစ်ဖက်တွင် တိတ်တဆိတ်ဖိထားပြီး သူ၏အသံသည် သာမန်ထက်အနည်းငယ် တုံ့ဆိုင်းနေ၏ "မန္တာန်"

"ဝိညာဉ်စွမ်းအင်တွေအများကြီး ကုန်မှာလား?" ဤအခြင်းအရာအား ကြားရသောအခါ ယွမ်ချိုးချိုး အများကြီးမမေးမြန်းတော့ဘဲ သိလိုစွာဖြင့် သူ့အားကြည့်လိုက်၏။

ရွမ်းကျောင် သိမ်မွေ့စွာသာ ခေါင်းယမ်းပြလေပြီး ညာဘက်လက်ကို ကုတင်ပေါ်တင်လိုက်သည်။ သူ၏အသံတိုးတိုးသည် ဗလာဖြစ်နေသောဂူထဲတွင် ပဲ့ထပ်တင်လို့သွား၏ "မများပါဘူး"

ယွမ်ချိုးချိုး သူ့ဘေးတွင်ရပ်နေလိုက်သည်။ ဒုတိယအဆင့်သို့ အဆင့်တက်သွားပြီးနောက် သူမ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို သိမြင်ခံစားနိုင်မှုမှာလည်း ပိုမိုအားကောင်းလာသည်။

မစ္စတာဝံပုလွေဆိုးကြီး စကားပြောသွားပြီးနောက် သူ၏ပတ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအင်အားလုံးတို့သည် သူ၏လက်ချောင်းထိပ်သို့ အလျင်အမြန် ပြေးဝင်သွားကြသည်ကို သူမ,ခံစားလိုက်မိပြီး အနည်းငယ်ရှုပ်ထွေးသည့် စက်ဝိုင်းတစ်ခုဖြစ်ပေါ်လာကာ ကျောက်ကုတင်ပေါ်သို့ ပစ်လွှတ်လိုက်၏။

‌ဒီအတိုင်း.....

သူမသည် ယခုလေးတင်မှ အဆင့်တက်ထားခြင်းကြောင့် သူမ၏ခံစားသိရှိမှုမှာ လုံလုံလောက်လောက် မတိကျခြင်းလားဆိုသည်ကို မသေမချာ ဖြစ်မိသွားရုံသာ။ ရွမ်းကျောင်သည် စက်ဝိုင်းနှစ်ခုဖန်တီးလိုက်သည်ဟု သူမ အဘယ်ကြောင့် ထင်နေရသနည်း....

ယွမ်ချိုးချိုး မျက်လုံးတို့ကိုဖွင့်လိုက်ပြီး တည်ငြိမ်နေသည့် ဝံပုလွေကိုကြည့်ကာ အတွေးတစ်ခုသည် စိတ်အတွင်းတွင် ဖြည်းညင်းစွာ ဖြတ်ပြေးသွား၏—

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now